ဒုက္ခသည်ရွာသားတွေ တင်ဆောင်လာတဲ့ DKBA ကား တားဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် က သမီးကလေးကျေးရွာ၊ အင်းမတီး နဲ့ ဒေါ်ကာလီကျေးရွာက ဒုက္ခသည်တွေကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ် ၊ သောင်ရင်းမြစ်နားက ကျောက်ခက်ကျေးရွာမှာ နေရာချထားပေးဖို့အတွက် ဒီနေ့မနက်ပိုင်းက ခေါ်ယူလာတဲ့ကားကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆက်မသွားဖို့ တားဆီးခဲ့တယ် လို့ သိရပါတယ်။

သမီးလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနဲ့ အင်းမတီးကျေး ရွာတွေက အိမ်ထောင်စု ၈၀ ဟာ DKBA ထိန်းချုပ်နယ်မြေ အတွင်းက ကျောက်ခက်ကျေးရွာကို ဧပြီလ ၁ ရက်နေ့က DKBA အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့စဉ် Photo : Kyaw Zaw Win, Lar Wah Shee/RFA

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးကလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာက ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ်၊ သောင်ရင်းမြစ်နား က ကျောက်ခက်ကျေးရွာမှာ နေရာချထားပေးဖို့အတွက် ဒီနေ့မနက်ပိုင်းက ခေါ်ယူလာတဲ့ကားကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားမှာ ကရင်ပြည် နယ်အစိုးရအဖွဲ့က ဆက်မသွားဖို့ တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ ပေးထားတဲ့ကတိကို DKBA အဖွဲ့က ချိုးဖောက်တဲ့အတွက် အခုလို တားဆီး တာဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ပြောတယ်လို့ ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးဇော်ဝင်း က ပြောပါတယ်။

"ဗိုလ်မှူးကြီး စောဆန်းအောင်ကို တစ်ယောက်နဲ့ တစ်ယောက် ငြိမ်းချမ်းရေးလုပ်ထားတာ တခြားအဖွဲ့အစည်းတွေနဲ့ မပတ်သက်ရဘူးဆိုပြီးပါတယ်တဲ့၊ အဲဒီအတွက်ကြောင့်မို့ ဗိုလ်မှူးကြီး စောဆန်းအောင်မှာ အပြစ်ရှိတယ်တဲ့၊ အဲဒါကြောင့်မို့ ဒီကနေ လုံးဝသွားခွင့်မပြုဘူးဆိုပြီး အမိန့်ထုတ်လိုက်တယ်"

သူတို့တွေဟာ မနက် ၅ နာရီလောက်မှာ လှည်းကူးမြို့နယ်၊ အောင်သိဒ္ဓိဘုန်းကြီးကျောင်းကနေ စတင်ထွက်ခွာခဲ့ တာဖြစ်ပြီး လမ်းခရီးတစ်လျှောက်ဖြတ်သန်းခဲ့ရတဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အတားဆီးမခံခဲ့ရဘဲ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားရောက်မှ တားဆီးခံရတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးဇော်ဝင်းကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org