ရွေးကောက်ပွဲ မတိုင်ခင် ထိုင်း မြန်မာနယ်စပ် ယာယီဂိတ်တွေ ပိတ်
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းနယ်စပ် တပ်ခရိုင်အတွင်းက မဲဆောက်၊ ဖုတ်ဖရ၊ မယ် ရမတ်၊ သာဆောင်ရမ်း စီရင်စု တွေမှာရှိတဲ့ သောင်ရင်းမြစ်တလျှောက်က ယာယီ ကုန်သွယ်ရေးဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေကို နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ပိတ်ထားလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။
-
2015-11-03 -
-
-
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမတိုင်ခင် ထိုင်းနယ်စပ် တပ်ခရိုင်အတွင်းက မဲဆောက်၊ ဖုတ်ဖရ၊ မယ် ရမတ်၊ သာဆောင်ရမ်း စီရင်စု တွေမှာရှိတဲ့ သောင်ရင်းမြစ်တလျှောက်က ယာယီကုန်သွယ်ရေးဂိတ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေကို နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ပိတ်ထားလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်း ကဖေါ်ပြပါတယ်။
မဲဆောက်နဲ့ မြဝတီကြား ချစ်ကြည်ရေးတံတားမှာရှိတဲ့ တရားဝင်နယ်စပ်ဂိတ်ကိုသာ ဖွင့်ထားတယ်လို့ သိရပါတယ်။ အကျိုးဆက်အနေနဲ့ ချစ်ကြည်ရေးတံတားမှာ အသွားအလာပြည့်ကြပ်သွားပါတယ်။
သောင်ရင်းမြစ်တလျှောက် ယာယီဂိတ်ပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
အခုလို ယာယီဂိတ်တွေ ပိတ်လိုက်တာဟာ ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က အနှောင့်အယှက်ပြုမှာ စိုးလို့ဖြစ်တယ်လို့ သိရကြောင်း ဘန်ကောက်ပို့စ်က ပြောပါတယ်။