မွတ်ဆလင်တွေကို နိုင်ငံသား ခွင့်ပြုပေးတဲ့ကိစ္စ တောင်ကုတ်မြို့ မှာ ဆန္ဒပြ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်ဆလင်တွေ ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့မညီ ဘဲ နိုင်ငံသားအဖြစ် ခွင့်ပြုပေးနေတဲ့ကိစ္စကို လက်မ ခံနိုင်ကြောင်း လူပေါင်း ၃၀ ကျော်လောက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်ဆလင်တွေကို နိုင်ငံသားခွင့်ပြုတဲ့ကိစ္စ မတ်လ ၂၃ ရက်နေ့က ဆန္ဒပြကြတာကို တွေ့ရစဉ် Photo: Zeya Kyaw (facebook)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့မညီဘဲ နိုင်ငံသား အဖြစ် ခွင့်ပြုပေးနေတဲ့ကိစ္စကို လက်မခံနိုင်ကြောင်း လူပေါင်း ၃၀ ကျော်လောက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြ ကြပါတယ်။

ဥပဒေကိုကျော်လွန်ပြီး နိုင်ငံသားကဒ်ထုတ်ပေးနေတဲ့ကိစ္စဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဆန္ဒပြပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ တောင်ကုတ်မြို့ခံ ကိုမောင်မောင်သက်က ပြောပါတယ်။

"နိုင်ငံသားဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီးတော့ နိုင်ငံသားကဒ်ထုတ်ပေးနေတာ ကျနော်တို့တွေ့ရတယ်၊ အဲ့လိုပေးတာကို ပြတ်ပြတ်သားသားဆန့်ကျင်တယ်၊ လုံးဝလက်မခံဘူးဆိုတဲ့အကြောင်း ကျနော်တို့ ဆန္ဒဖော်ထုတ်တယ်"

ပြီးခဲ့တဲ့လက နိုင်ငံတော်သမ္မတ ဦးထင်ကျော်က NVC ကဒ်တွေထုတ်ပေးနိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တဲ့ နယ်လှည့် ကွင်းဆင်းဆောင်ရွက်သွားမယ့် ဦးဆောင်အဖွဲ့မှာ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းပေး ဖို့ တောင်းဆိုကြောင်းလည်း ကိုမောင်မောင်သက်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အစိုးရက မွတ်ဆလင်တွေကို ထုတ်ပေးထားတဲ့ နိုင်ငံသားကဒ်တွေကို ပြန်လည်စိစစ်ပေးဖို့၊ ဥပဒေနဲ့မညီဘဲ လိမ်လည်ရယူထားတဲ့ကဒ်တွေကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ တာဝန်ရှိသူကို အရေးယူပေးဖို့ကို လည်း ကြွေးကြော်ခဲ့ကြပါတယ်။

မွတ်ဆလင်တွေကို ဥပဒေနဲ့မညီဘဲ နိုင်ငံသားကဒ် ထုတ်ပေးနေတာတွေကို ရပ်တန့်ပေးဖို့ ပြီးခဲ့တဲ့လကနေစတင်ပြီး ရခိုင်ပြည်နယ် မြို့နယ်အချို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက ဒေသခံတွေ စုပေါင်းပြီးတော့ စစ်တွေမြို့ မှာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ ၂၂ ရက်နေ့အထိ ၄ ရက်ကြာ စုပေါင်းဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပြီး သဘောထားကြေညာ ချက် တစ်စောင်ကိုလည်း မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ မွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုကဒ်ပြား ထုတ်ပေးနေတာတွေကို နိုင် ငံတော်မှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ ရခိုင်ဒေသခံလူထု ကိုယ်စားလှယ်တွေ၊ ဒေသခံဥပဒေပညာ တတ်ကျွမ်း နားလည်သူတွေ ပူးပေါင်းပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးကော်မတီအဖြစ် ဖွဲ့စည်းပေးဖို့ကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရရဲ့ နိုင်ငံသားစိစစ်ရေးကော်မတီအနေနဲ့ နိုင်ငံသားဖြစ်ခွင့်မရရှိနိုင်တဲ့ မွတ်ဆလင်တွေကို ဘယ်ပုံဘယ်နည်းနဲ့ဖြေရှင်းမယ်ဆိုတာကို တိတိကျကျအသိမပေးနိုင်သေးသရွေ့ နိုင်ငံသားစိစစ်ရေး လုပ်ပြုခြင်းတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုကြောင်းလည်း ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org