တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံကွင်းက ပွဲကြည့်စင်တွေ ဖျက်သိမ်း

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာ ကုန်းသာ မီးပုံးပျံကွင်းမှာ ကျင်းပမယ့် တန်ဆောင်တိုင်မီးပုံးပျံပွဲမှာ Cherry Queen Hotel က ပွဲကြည့်စင်တွေဆောက်လုပ်ပြီး ငှားရမ်းဖို့စီစဉ်ခဲ့တာ ကို ဒေသခံတွေက ကန့်ကွက်တာကြောင့် ဆောက်လုပ် ပြီးဖြစ်တဲ့ အခန်း ၁၅ဝ ထဲက ၇ဝ ကျော်ကို မနေ့က ပြန် လည်ဖျက်သိမ်းလိုက်ပါတယ်။

တောင်ကြီးမြို့ အဝေရာကုန်းသာ မီးပုံးပျံကွင်းမှာ ကျင်းပမယ့် တန်ဆောင်တိုင်မီးပုံးပျံပွဲမှာ Cherry Queen Hotel က ဆောက်လုပ်ထား တဲ့ ပွဲကြည့်စင်တွေ ပြန်လည်ဖျက်သိမ်းနေတာကို တွေ့ရစဉ် Photo: Kotoe Taunggyi

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာကုန်းသာ မီးပုံးပျံကွင်းမှာ ကျင်းပမယ့် တန်ဆောင်တိုင်မီးပုံးပျံပွဲမှာ Cherry Queen Hotel က ပွဲကြည့်စင်တွေဆောက်လုပ်ပြီး ဌားရမ်းဖို့စီစဉ်ခဲ့တာကို ဒေသခံတွေက ကန့်ကွက် တာကြောင့် ဆောက်လုပ်ပြီးဖြစ်တဲ့ အခန်း ၁၅ဝ ထဲက ၇ဝ ကျော်ကို မနေ့က ပြန်လည်ဖျက်သိမ်းလိုက်ပါတယ်။

မဖျက်သိမ်းဘဲကျန်တဲ့ အခန်းတွေကို ငှားရမ်းမှာမဟုတ်ဘဲ Cheer Queen Hotel မှာလာရောက် တည်းခိုတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေ နားနေဖို့အတွက် စီစဉ်ပေးသွားမှာဖြစ်တယ်လို့ ဟိုတယ်တာဝန်ရှိသူတွေက ကတိပေးထားကြောင်း တောင်ကြီးမြို့ခံ ဦးတင်မောင်တိုးက ပြောပါတယ်။

"ဆယ်ပေပတ်လည် ၆ ခန်း ပါတယ်၊ အဆောင် ၆ တန်း ဆောက်ထားတယ်ဗျ။ အခု ၄ တန်းကို ဖျက်ပေးလိုက် တယ်။ ၂ တန်းကို ချန်ထားတာပေါ့။ သူကဒီ ၂ ကန့်ချန်ထားတာက ကန်ထရိုက်က ဟိုတယ် လုပ်ငန်းရှင် Cherry Queen Hotel လေ တောင်ကြီးက။ သူ့ဟိုတယ်မှာတည်းတဲ့ ဧည့်သည်တွေ ကြည့်ဖို့ရယ်၊ ဝန်ထမ်းတွေ နေ့ဆိုင်း ညဆိုင်းဆိုတော့ နေဖို့အတွက်ကောပေါ့။ သူတို့ အဲ့ဒါလေးကို ချန်ထားပါတယ်တဲ့။ နောက်သူတို့ ဒီငွေကြေးနဲ့ ငှားရမ်းတာတော့ လုံးဝမလုပ်တော့ပါဘူးတဲ့ သူတို့ အဲ့လိုပဲ မနေ့က ရှင်းပြတယ်"

အရင်နှစ်တွေက ပွဲကြည့်စင်ဆောက်လုပ်တာမျိုး မရှိခဲ့ကြောင်းနဲ့ မီးပုံးပျံတွေက လွင့်ကျတဲ့ လောင်စာတွေ ပွဲကြည့်စင်တွေပေါ် ကျရောက်မယ်ဆိုရင် မီးလောင်မှုဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေက ကန့်ကွက်တာဖြစ် တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရပ်ကွက်နဲ့အဖွဲ့အစည်းတွေက ကိုယ်ပိုင်ငွေနဲ့မီးပုံးပျံတွေကို အလှပြလွှင့်တင်တာဖြစ်ပြီး ပွဲကြည့်စင် ဆောက် လုပ်ခွင့်ရတဲ့ ကုမ္ပဏီက လာရောက်ကြည့်ရှုသူတွေဆီက ငွေကြေးကောက်ခံမယ်ဆိုတဲ့အတွက် ဒေသခံတွေနဲ့ မီးပုံပျံ လွှင့်တင်မယ့်အဖွဲ့တွေက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲကို လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၁ဝ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ရဲတပ်ဖွဲ့အင်အား ၇ဝဝ ကျော်နဲ့ လုံခြုံရေးရယူသွားမယ်လို့ သိရပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲမှာ မီးပုံးပျံပြိုင်ပွဲအပြင်၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲနဲ့ မယ်ပြိုင်ပွဲတွေလည်း ကျင်းပပြီး ဆုကြေးငွေကို ပွဲကျင်းပရေးကော်မတီက ချီးမြင့်ရတာကြောင့် ရန်ပုံငွေ ရရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org