တောင်ကြီးမြို့ တန်ဆောင်တိုင် လုံခြုံရေး တင်းကြပ်စွာ စီစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ အင်အားတစ်ထောင်ကျော်ကို တာဝန်ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ပုံ ဓါတ်ပုံ-အောင်ဆန်း(တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပမယ့် တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ အင်အားတစ်ထောင်ကျော်ကို တာဝန်ပေးထားတယ်လို့ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထူးက ဒီကနေ့ ပြောပါတယ်။

တန်ဆောင်တိုင် ပွဲတော်လုံခြုံရေးဆောင်ရွက်မှု အခြေအနေနဲ့ပတ်သက်ပြီး တောင်ကြီးမြို့၊ အမှတ် (၂) အခြေခံအထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာ ရဲမှူးကြီးမြင့်ထူး က အခုလိုပြောခဲ့တာပါ။

"ကျင်းပတဲ့အချိန်မှာ လုံခြုံရေးကိုတော့ ကျနော်တို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်တာဖြစ် ပါတယ်၊ ဆောင်ရွက်ချိန်မှာ ရှိနေတဲ့အင်အား အပြင် တောင်ကြီးတောင်းပိုင်းခရိုင်မှာရှိတဲ့ ၄ ခရိုင် အင်အားတွေကို ခေါ်ယူပြီးမှသာ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဆောင်ရွက်တဲ့နေရာ မှာလည်း ကျနော်တို့ လုံခြုံရေးကို အခြေ ၃ ခြေနဲ့ ဆောင်ရွက်ခဲ့ပါတယ်၊ သာမန်အခြေ လုံခြုံရေး၊ အရေးကြီးတဲ့လုံခြုံရေး၊ အရေးပေါ်လုံခြုံရေးဆိုပြီးတော့မှ ၃ ပိုင်းခွဲပြီးတော့ ကျနော်တို့ ဆောင်ရွက် တာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်တို့နဲ့ လုံခြုံရေးမှာဆိုရင်လည်း ကျနော်တို့အင်အားအပြင် စွမ်းအားရှင်တွေအပါအဝင် အင်အား ၁ဝဝဝ ကျော်နဲ့ပါ ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်"

တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက် ညပိုင်းက အမှတ်(၂၁၂) ဆက်သွယ်ရေးတပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)နဲ့ မော်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးအနီးမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org