တောင်ကုတ် NLD အမတ်ဟောင်း ဦးမင်းအောင်ကို တရားရုံးက စွဲချက်တင်အမိန့်ချ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နဲ့ သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဥပဒေပုဒ်မ ၂၅ နဲ့ ဒီကနေ့ တောင်ကုတ် မြို့နယ် တရားရုံးမှာ စွဲချက်တင်လိုက်ပါတယ်။

တောင်ကုတ် NLD အမတ်ဟောင်း ဦးမင်းအောင် နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကိုတွေ့ရစဉ် -

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးမင်းအောင်နဲ့ သူနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဥပဒေပုဒ်မ ၂၅ နဲ့ ဒီကနေ့ တောင်ကုတ်မြို့နယ် တရားရုံးမှာ စွဲချက် တင်လိုက်ပါတယ်။

ဇူလိုင် ၂၆ ရက် ဒီကနေ့မနက် တောင်ကုတ်မြို့နယ်တရားရုံးမှာ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ရာမှာ အခုလို စွဲချက်တင်လိုက်တာလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်သိင်္ဂီမောင်က RFA ကို ပြောပါတယ်။

ဦးမင်းအောင်တို့နှစ်ဦးဟာ စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ ပတ်သက်လို့ တောင်ကုတ်မြို့မှာ ဆန္ဒပြခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့နယ် NLD ပါတီရုံးမှာ အဖမ်းခံခဲ့ရတာပါ။

အဲဒီနောက် တောင်ကုတ်မြို့မရဲစခန်းက ဒု-ရဲမှူး ဇော်လတ်နဲ့ သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နဲ့ ကာကွယ်ရေး ပစ္စည်းထိန်းသိန်းရေးဌာနက ဒေါ်မဉ္ဇူသင်းတို့က တရားလိုလုပ်ပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ တို့နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ကိုသန့်ဇင်ဖြိုးကတော့ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးကုသမှုခံယူဖို့ အာမခံနဲ့နေအိမ်ကပဲ ရုံးချိန်း သွားနေပြီး ဦးမင်းအောင်ကတော့ အခုအချိန်ထိ သူ့ရဲ့ရှေ့နေနဲ့တောင် လွပ်လပ်စွာ တွေ့ခွင့်မရသေးဘူးလို့ ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောပါတယ်။

လာမယ့် သြဂုတ်လ ၉ ရက်နေ့ကို ရုံးချိန်းလိုက်ပြီး အဲဒီနေ့မှာပဲ နှစ်မှုစလုံးအတွက် သက်သေတွေကို စစ်ဆေး သွားမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org