တနင်္သာရီတိုင်းအတွင်း အရပ်သားသေဆုံးထိခိုက်မှု မြင့်တက်လာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား ၃၉၄ ဦး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဒေသခံများ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။ RFA

တနင်္သာရီတိုင်းအတွင်း အရပ်သားထိခိုက်သေဆုံးမှု ဖေဖော်ဝါရီလမှာ မြင့်တက်လာတယ် လို့ ဒေသတွင်းအခြေအနေတွေကို စာရင်းပြုစုနေတဲ့ Southern Monitor က မတ်လ ၄ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း အရပ်သား ၃၄ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီစာရင်းဟာ အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးထိခိုက်မှု အမြင့်ဆုံး အရေအတွက် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား ၃၉၄ ဦး သေဆုံးပြီး ၁၄၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားထိခိုက်မှုအနည်းဆုံး ဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့ Southern Monitor က ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အကြမ်းမဖက်တဲ့လူထုလှုပ်ရှားမှုတွေ တနင်္သာရီတိုင်းအတွင်း လျော့ကျလာတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org