ပြည်တွင်းပြည်ပအခက်အခဲများ ဖြေရှင်းဖို့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ပြောကြား

ဆယ်စုနှစ်ပေါင်း များစွာ ကြာနေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ကိုင်တွယ်ရာမှာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ရှိနေတဲ့ အခက်အခဲတွေကို ဖြေရှင်းသွားဖို့ လိုအပ်တယ်လို့ သမတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာ ဦးနေဇင်လတ်က ပြောပါတယ်။

သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA) Photo: AFP / HO / MNA

သမတအကြံပေးအဖွဲ့ဝင်တွေ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ဖြစ်လာနိုင်တဲ့ ပြည်တွင်းပြည်ပ အတိုက်အခံ နိုင်ငံအဖွဲ့အစည်းတွေအပေါ် နိုင်ငံရေးသဘောထား၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြေရှင်းနိုင်မှု ရှိမရှိ စတာတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြောတာဖြစ်ပါတယ်။

ဦးနေဇင်လတ်က သမတထံ အကြံပြုမဲ့ အသေးစိတ်အချက်တွေကို ထုတ်ဖော် ပြောဆိုခြင်း မပြုပေမဲ့ အခုအစိုးရအဖွဲ့သစ် လက်ထက်မှာ တာဝန်ယူမှု (Accountability) အခြေအနေ ကောင်းမွန်လာပြီး နိုင်ငံတကာ ဖိအားတွေ လျော့ကျလာဖွယ် ရှိတယ်လို့ ပြောပါတယ်။

သမတ ဦးသိန်းစိန်ရဲ့ ၉ ဦးပါ အကြံပေးအဖွဲ့ဝင်တွေအဖြစ် နိုင်ငံရေးကဏ္ဍမှာ စာရေးဆရာနဲ့ သုတေသီတွေ ဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဦးနေဇင်လတ်နဲ့ ဦးရဲတင့်တို့ ပါဝင်ပြီး၊ စီးပွားရေးကဏ္ဍအတွက် ကုလသမဂ္ဂရဲ့ အကြီးတန်း စီးပွားရေးပညာရှင်ဟောင်း ဒေါက်တာ ဦးမြင့်၊ ဦးဝင်စတန် ဆက်အောင်နဲ့ ဦးစိန်လှဘိုတို့ ပါဝင်ကြောင်း၊ ဥပဒေရေးမှာတော့ ဦးစစ်အေး၊ ဒေါ်ခင်မျိုးမြင့်နဲ့ ဦးသန်းကျော်တို့ကို ရွေးချယ်ထားကြောင်း RFA က ဧပြီလ ၂၆ ရက် မနက်ပိုင်း အစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

သမတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဦးနေဇင်လတ်ကို အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org