နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲကို SSPP နဲ့ NDAA တက်ရောက်မည်

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထားပေမယ့် အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ၂၀၁၇ အောက်တိုဘာလ ၃ဝ ရက်နေ့ကကျင်းပတဲ့ UPDJC အစည်းအဝေးကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပမယ့် UPDJC ရဲ့ နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကို ဖိတ်ကြားထားပေမယ့် အားလုံးတက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ မိုင်းလားအဖွဲ့ NDAA တို့ကတော့ တက်ရောက်မယ်လို့ အကြောင်းပြန် ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၊ အမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော် NDAA ၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIA / KIO ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ကို အစိုးရက ဖိတ်ကြားထားတာဖြစ်ပါတယ်။

UWSA "ဝ" အဖွဲ့နဲ့ KIA အဖွဲ့တို့က တရုတ်နိုင်ငံကူမင်းမြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တွေဖြစ်တဲ့ AA, MNDAA နဲ့ TNLA တို့ တွေ့ဆုံပွဲကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ အစိုးရဘက်က ဖိတ်ကြားထားပါတယ်။

UWSA "ဝ" အဖွဲ့က ရန်ကုန်မှာကျင်းပမယ့် အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက မီဒီယာတချို့ကို ဖြေကြားထားတာတွေရှိပေမဲ့ RFA က ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အဲဒီအစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org