ဂျာနယ်တွေကို ခေါ်ယူမေးမြန်းတာ စစ်ဆေးတာ မဟုတ်ဟု ရှင်းလင်း
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဂျာနယ်တိုက် တချို့က တာဝန်ရှိသူတွေကို ခေါ် ယူမေးမြန်းတာဟာ စစ်ဆေးတာမဟုတ်ပဲ ဂျာနယ်လုပ်ငန်းတွေရဲ့ အခြေအနေကို သိရှိလိုတာကြောင့် နှစ်ဖက်ဆွေးနွေးတဲ့ သဘောသာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောပါတယ်။
-
2014-06-23 -
-
-
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဂျာနယ်တိုက်တချို့က တာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းတာဟာ စစ်ဆေးတာမဟုတ်ပဲ ဂျာနယ်လုပ်ငန်းတွေရဲ့ အခြေအနေကို သိရှိလိုတာကြောင့် နှစ်ဖက်ဆွေးနွေးတဲ့ သဘောသာဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြော ပါတယ်။
မြန်မာ့အကျဉ်းထောင်အက်ဥပဒေ ပြင်ဆင်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လာရောက်ဖြေကြားစဉ် သတင်းထောက်တွေက ဂျာနယ်တစ်ချို့ကို စစ်ဆေးနေတဲ့အကြောင်း မေးမြန်းရာ မှာ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အခုလိုပြောသွား တာပါ။
"ခေါ်ကတည်းကိုက ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေလုပ်နေကြလည်း ဒါကိုဆွေးနွေးတဲ့သဘော၊ အဆင်ပြေတဲ့အချိန်အခါမှာ ဘယ်နေ့လာနိုင်မလဲ လာနိုင်တဲ့သူတွေလာပါ ဒီလိုပဲ မေးပြီးတော့ ခေါ် ပြီးတော့ဆွေးနွေးတာပါ၊ စစ်ဆေးမေးမြန်းတယ်ဆိုတာဟာ အဲ့လိုမဟုတ်ဘူး အခုဟာက တစ်ယောက်နဲ့ တစ်ယောက်ခေါ်ပြီးတော့ ဆွေးနွေးတာကို သူတို့လည်းသိပါတယ်၊ ဥပမာအားဖြင့် တချို့ဂျာနယ်တွေ ဆိုလို့ရှိရင်လည်း တကယ့်အောင်မြင်နေတဲ့ ဂျာနယ်တွေရှိတယ်၊ ဒီဂျာနယ်တွေနဲ့ ပတ်သက်ပြီးတော့ ဒါလုပ်နည်းလုပ်ဟန်တွေကြောင့် အောင်မြင်နေတာလည်းရှိတယ်၊ တချို့တွေ ကျတော့လည်း မအောင်မြင်တာရှိတယ်၊ အခြေခံအကြောင်းတရားတွေကို ခေါ်ပြီးတော့ ဆွေးနွေးတာပါ စစ်ဆေးမေးမြန်းသလိုတော့ မဟုတ်ဘူး"
မြန်မာပို့စ်၊ မြန်မာသံတော်ဆင့်၊ ပေါ်ပြူလာ၊ The Voice ဂျာနယ်တွေက တာဝန်ရှိသူတွေကို အထူးသတင်းတပ်ဖဲ့ွက ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူစစ်ဆေးတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ဖမ်းဆီးစစ်ဆေးနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန်ပေးဖို့အတွက် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောပါတယ်။
အဲဒီ သတင်းထုတ်ပြန်ရေးအဖွဲ့မှာ နိုင်ငံတော် သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ပါဝင်ကြောင်းလည်း ပြည်ထဲရေး ဒုတိယဝန်ကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
လောလောဆယ်မှာ ဇွန်လ ၁၉ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထားကြောင်း သိရပါတယ်။