ကိုဖီအာနန်နဲ့ မတွေ့ဖို့ စစ်တွေ အရပ်ဘက်အဖွဲ့တွေ ဆုံးဖြတ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ကြောင်း စစ်တွေမြို့မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဆုံးဖြတ်လိုက်ပါတယ်။
-
2016-11-30 -
-
-
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော် မရှင်နဲ့ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ကြောင်း စစ်တွေမြို့မှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဆုံးဖြတ်လိုက် ပါတယ်။
မစ္စတာ ကိုဖီအာနန်အနေနဲ့ အားလုံးက တရားမဝင်ဘူးလို့ ကန့်ကွက်နေကြတဲ့ အမည်နာမကို ပြောဆို သုံးနှုန်း တာကြောင့် တွေ့ဆုံပွဲကို လက်မခံဖို့ မနေ့က စစ်တွေမြို့မှာကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာလို့ လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီ နာယကတစ်ဦးဖြစ်သူ ဦးသန်းထွန်း က ပြောပါတယ်။
"အကယ်၍များ ကိုဖီအာနန် အစီရင်ခံစာထဲမှာ လူမျိုးလိမ်တာတွေကို ထည့်ရေးမယ်ဆိုရင် သွားတွေ့တဲ့ ကျနော်တို့က တရားခံစာရင်းထဲမှာ ပါသွားနိုင်တယ်၊ အဲ့ဒါကြောင့် ကျနော်တို့က မတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်"
ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်ခရီးစဉ်အပြီး ရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကန့်ကွက်ထားတဲ့ အမည်နာမ ကို ပြောဆိုသုံးနှုန်းသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စဟာ အစိုးရကသာ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တာကြောင့် ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်အရေးဆိုတာထက် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကော်မရှင်က အဓိက လုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောဆိုနေတာတွေကို သဘောမတူကြောင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ လည်း ပြောပါတယ်။
မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ်ကိုလာရောက်ကြမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်တွေမြို့ လူမှုအဖွဲ့အစည်းကိုယ်စားပြုကော်မတီ နဲ့ တွေ့ဆုံလိုကြောင်း ကော်မရှင်အဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က စာရေးသား ကမ်းလှမ်းလာတာဖြစ် ပါတယ်။
စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီဟာ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းပေါင်း ၇၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခု ဖြစ်ပါတယ်။