နိုင်ငံကျော် ဝါရင့်အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်
စိုင်းဆိုင်မောဝ် ဟာ ၁၉၄၈ ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပါပြီ။
-
RFA Burmese
2024-07-17 -
-
-
နိုင်ငံကျော် ဝါရင့်အဆိုတော် စိုင်းဆိုင်မောဝ် ဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူရင်း ဇူလိုင်လ ၁၇ ရက်ညမှာ ကွယ်လွန်သွားခဲ့ပါတယ်။
စိုင်းဆိုင်မောဝ် ဟာ ၁၉၄၈ ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပါပြီ။
စိုင်းဆိုင်မောဝ် ဟာ တေးသီချင်းတွေကိုသီဆိုရုံမက သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်သူဖြစ်ပါတယ်။
သူဟာ ရှမ်းသီချင်းပေါင်းများစွာကို သီဆိုခဲ့သလို “ရှမ်းပဲပုတ်လေး ကျွန်တော်”၊ “မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ”၊ “တစ်ရွာသားနဲ့ ပုဝါပါး”၊ “စိုင်းချစ်တဲ့ရတနာ”၊ “မူဆယ်နမ့်ခမ်းလမ်း” စတဲ့ တစ်ခေတ်တခါက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။
အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်သွားတာကို ဝမ်းနည်းကြောင်း အနုပညာရှင်တွေနဲ့ ပရိတ်သတ်တွေကလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားကြပါတယ်။