ရှမ်းပြည်နယ် မြို့နယ် ခုနစ် ခု မဲစာရင်း မကောက်ယူနိုင်သေး
နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရှမ်းပြည်နယ်က မြို့နယ် ၇ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းတွေ မကောက် ယူနိုင်သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
-
2015-06-08 -
-
-
Your browser doesn’t support HTML5 audio
နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရှမ်းပြည်နယ်က မြို့နယ် ၇ မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းတွေ မကောက်ယူနိုင်သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နဲ့ အဖွဲ့ဝင်တွေဟာ သတင်းမီဒီယာသမားတွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောတာဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မိုင်မော၊ ပန်ဝိုင်၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းလား၊ လောက်ကိုင် နဲ့ ကုန်းကြမ်းစတဲ့ မြို့နယ် ၇ မြို့နယ်မှာ မဲစာရင်းမကောက်ယူနိုင်သေးတာ ဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ရှိကောက်ယူထားတဲ့ အခြေခံမဲစာရင်းတွေအရ တစ်နိုင်ငံလုံးမှာ မဲပေးခွင့်ရှိသူ ၃သန်းနီးပါး ရှိပြီး အပြီးသတ်မဲစာရင်းတွေကို လာမယ့် သြဂုတ်လအတွင်း ထုတ်ပြန်မှာဖြစ်ပါတယ်။
လက်ရှိထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေဟာ အိမ်ထောင်စုစာရင်းတွေပေါ်မှာ အခြေခံပြီး ထုတ်ပြန်ထား တာဖြစ်တဲ့အတွက် အိမ်ထောင်စုစာရင်း မရှိသူတွေက လက်ရှိနေထိုင်ရာနေရာမှာ ၆ လ ကျော် နေထိုင် ပြီးဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ထောက်ခံမယ်ဆိုရင် မဲပေးခွင့်ရှိတယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။