မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။
-
2012-06-29 -
-
-
အလားတူပဲ ရခိုင်ဒေသ ပဋိပက္ခတွေအပြီး စာနယ်ဇင်း ထိန်းချုပ်ကန့် သတ်တာတွေ ပိုများလာတယ်လို့လည်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအဝိုင်းကလည်း ဆိုပါတယ်။
စာပေစီစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပါမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက တရားဝင်ပြောဆိုထားပေမယ့် ဘယ်အချိန် ဖျက်သိမ်းမလဲ ဆိုတဲ့ကိစ္စ မရေမရာဖြစ်နေဆဲပဲလို့ ပေါ်ပြူလာ သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးဟိန်းလတ်က ပြောပါတယ်။
"အခုဟာက စာပေစိစစ်ရေး မရှိတော့ဘူးဗျ။ ဒါက စာစောင်ထဲမှာပဲ ပါတာ။ ဒါပေမဲ့ ဇွန်လကုန်မှာ မရှိတော့ဘူးလို့ သူတို့ကပြောတယ်။ ဒါပေမဲ့ ရှိနေတုန်းပဲ။ ရှိနေတုန်းဥစ္စာက ဘယ်လောက်အထိ ဆက်ရှိဦးမလဲလည်း မသိသေးဘူး။ အခုတကယ် မရှိဘူး လို့ ပြောလို့မရဘူးလေ။ စာပေစိစစ်ရေး ဆက်ရှိဦးမယ်။ ပြောတာကတော့ Press Council ပေါ်လာရင်တော့ စာပေစိစစ်ရေး မရှိတော့ဘူးပြောတယ်။ Press Council က အခုထက်ထိ အလားအလာက သိပ်မကောင်းသေးဘူးပေါ့။ အချိန်စောင့်ရမဲ့ သဘော မျိုးတွေရှိတယ်"
နှစ်ပေါင်း ၅၀ အတွင်း သတင်းမီဒီယာတွေအပေါ်ထိန်းချုပ်တာတွေကို အစိုးရဘက်က ဖြေလျော့ပေးတာမျိုးတွေ ရှိပေမယ့် အခုလို နိုင်ငံရေး၊ စီးပွားရေးအရ အသွင်ကူးပြောင်းစ အချိန်နဲ့ လိုက်လျောညီထွေမှုရှိအောင် သတင်းမီဒီယာတွေကို အစိုးရဘက်က ပံပိုးဆောင်ရွက်ပေးဖို့ လိုနေတယ်လို့ RSF ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် အင်တာနက် လှုမှုသတင်းမီဒီယာတွေကနေ ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းတင်ပြချက်တွေ၊ မှတ်ချက်ရေးသားသူတွေကြောင့် တင်းမာမှုတွေကို ပိုပြီးကြီးထွားလာစေတာဟာလည်း နှစ်ပေါင်း ၅၀ ကျော် ပိတ်ပင်ခံထားရတဲ့ မြန်မာသတင်း မီဒီယာလောကရဲ့ သတင်းကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုဖြစ်လာတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ဒီအကြောင်း ပြည်သူ့ခေတ်ဂျာနယ်က ဆရာဖေမြင့်၊ ပေါ်ပြူလာဂျာနယ်က ဆရာဟိန်းလတ်တို့ကို ဆက်သွယ်ပြီး မအင်ကြင်းနိုင် စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
စုစည်းတင်ပြချက်။ | |
အသံဖိုင်ယူရန်။ |