ပုဒ်မ ၄၃၆ မပြင်ဆင်ရေး လက်ကမ်းစာစောင်တွေ မန္တလေးမှာ ဖြန့်ဝေ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာဟာ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးအတွက်သာ ဖြစ်ကြောင်းနဲ့ တိုင်းပြည် နဲ့လူမျိုးအတွက် မဟုတ်ကြောင်းဖော်ပြချက်တွေပါတဲ့ လက် ကမ်းစာစောင်တွေကို ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့ က မြို့နယ် ၅ မြို့နယ်မှာ လူတစ်ချို့က ဖြန့်ဝေခဲ့ကြပါတယ်။

ပုဒ်မ ၄၃၆ မပြင်ဖို့ မန္တလေးမြို့မှာ ဖြန့်ဝေခဲ့တဲ့ လက်ကမ်းစာရွက်ကို တွေ့ရစဉ် Photo: ခွန်ဒီးယမ် Facebook

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက်သာ ဖြစ်ကြောင်းနဲ့ တိုင်းပြည် နဲ့လူမျိုးအတွက် မဟုတ်ကြောင်းဖော်ပြချက်တွေပါတဲ့ လက်ကမ်းစာစောင်တွေကို ဒီနေ့ မနက်အစောပိုင်းက မန္တလေးမြို့က  မြို့နယ် ၅ မြို့နယ်မှာ လူတစ်ချို့ က ဖြန့်ဝေခဲ့ကြပါတယ်။

ချမ်းမြသာစည်(မြောက်) ရပ်ကွက်မှာနေထိုင် တဲ့ ဒေါ်နှင်းပပက သူ့နေအိမ်ရှေ့မှာတေ့ွတဲ့ အဲဒီလက်ကမ်းစာစောင်တွေအကြောင်း အခုလို ပြောပါတယ်။

"အိပ်ရာထတဲ့အခါ အပြင်ထွက်ဖို့ အိမ်တံခါးဖွင့်လိုက် တာ အိမ်တံခါးတည့်တည့်မှာပဲ အဲ့စာရွက်တွေချထားတယ်၊ နောက်လမ်းပေါ်မှာလည်း တောက်လျှောက်ချထား တာတွေ့တယ်၊ အဲဒါကျနော်လိုက်ကောက်တယ်၊ လိုက်ကောက်ပြီး ကြည့်လိုက်တဲ့အခါကျတော့ လက်ကမ်းကြေငြာလိုဟာမျိုးကိုတွေ့တယ်"

ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကွက်ရုံးအနီးတဝိုက်နဲ့ လူစည်ကားတဲ့ ဈေးလမ်းမတွေပေါ်မှာ ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုတ်ခတ်ရေးသားထားတဲ့ စာတွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလကလည်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org