ပုဒ်မ ၄၃၆ နဲ့ ပတ်သက် ပြီး ဆွေးနွေးဟောပြောပွဲ ကျင်းပ

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ဥပဒေ တချို့ ပြောင်းလဲလို့မရအောင် ချုပ်ကိုင်ထားတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက် ပြီး ဆွေးနွေးဟောပြောပွဲတစ်ရပ်ကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် မနက် ၉ နာရီကစပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်း မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကျင်းပမယ့် ပုဒ်မ ၄၃၆ နဲ့ပတ်သက်ပြီး ဟောပြောပွဲမှာ ဗိုလ်ကြီးဟောင်းနေမျိုးဇင် (ဝဲဘက်)နဲ့ ဦးဝင်းချို(အလယ်)တို့ကို တွေ့ရစဉ် photo: RFA/ Nay Myo Zin

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဥပဒေတချို့ ပြောင်းလဲလို့မရအောင် ချုပ်ကိုင်ထားတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဆွေးနွေးဟောပြောပွဲ တစ်ရပ်ကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် မနက် ၉ နာရီကစပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒီပွဲကို လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုက စီစဉ်တာဖြစ်ပြီး၊ ဟောပြောမယ့် ပုဂ္ဂိုလ်တွေကတော့ ဦးဝင်းချို၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ဦးဝေဠုတို့ ဖြစ်ကြပါတယ်။ ဒီပွဲအတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ခွင့်ပြုမိန့် ရရှိပြီးဖြစ်ကြောင်း သိရပါတယ်။

ဒီဟောပြောပွဲမှာ  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကချုပ်ကိုင်ထားတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာပါ။ အဲဒီပုဒ်မ ၄၃၆ ဟာ တခြားဥပဒေတွေ ပြင်ဆင်နိုင်ရေးအတွက် အဓိကအဟန့်အတား ဖြစ်နေတယ်လို့ ဟောပြောမယ့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးဝေဠုက ပြောပါတယ်။

"ကျနော်တို့ ဒီနေ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၄၃၆ ပြင်ဆင်ဖို့ သင့်တယ်ဆိုပြီးတော့ ကျနော်တို့ တင်ပြဆွေးနွေးမယ့်အပိုင်းပေါ့နော်၊ အဓိကကတော့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၄၃၆ ဟာ ပြင်ဖို့လိုအပ်တယ်၊ လိုအပ်ရတဲ့ အကြောင်းရင်းကတော့ အခုအသွင်ကူးပြောင်းစ နိုင်ငံတော်အတွင်းမှာ ပြည်သူနဲ့ အစိုးရကြားမှာ ညီမျှထိန်းကျောင်းနိုင်တဲ့ အခြားသောဥပဒေ ငြိမ်းချမ်းစွာနဲ့ ပြင်ဆင်ပြောင်းလဲရေးဆွဲနိုင်ဖို့အတွက်ကို ကျနော်တို့ ရည်ရွယ်ပြီးတော့ ဆွေးနွေးဟောပြောပွဲကို ကျင်းပတာပါ"

ပုဒ်မ ၄၃၆ မှာ ပြဌာန်းထားချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း ၁ ကနေ ၁၂ အတွင်း သတ်မှတ်ထားတဲ့ ပုဒ်မခွဲတွေကို ပြင်ဆင်ချင်တယ်ဆိုရင်၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံပြီးတဲ့နောက်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်မယ့် Generation Wave အဖွဲ့က ကိုမိုးသွေးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org