ဧရာဝတီတိုင်းက အဂတိလိုက်စားမှု တိုင်ကြားချက်တွေကို စတင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် နဲ့ပတ်သက်တဲ့ တိုင်ကြားစာ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ရောက်ရှိလာတဲ့ တိုင်းအတွင်းက တိုင်စာတွေနဲ့ပတ်သက်ပြီး ကော်မရှင်က စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို တွေ့ရစဉ် .

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် နဲ့ပတ်သက်တဲ့ တိုင်ကြားစာ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ရောက်ရှိလာတဲ့ တိုင်းအတွင်းက တိုင်စာတွေနဲ့ပတ်သက်ပြီး ကော်မရှင်က စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရတဲ့ ဧရာဝတီတိုင်းလွှတ်တော် ကိုယ်စားလှယ် တချို့နဲ့ပတ်သက်ပြီး ကော်မရှင်တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးနေတာလို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က RFA ကို အတည်ပြုပြောပါတယ်။

တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ဟာ တိုင်းလွှတ်တော်အတွက် ကားဝယ်ယူရာမှာ ငွေကြေးအလွဲ သုံးစားမှုတွေ ရှိတယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ထားသလို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံကိုလည်း တိုင်ကြားခံထားရတာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းအတွင်း အင်းလေလံပေးရာမှာ ငွေကြေးရယူမှုတွေရှိတယ်ဆိုပြီး တိုင်ကြားခံရတဲ့ ပန်းတနော်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစန်းမောင်ကိုလည်း ကော်မရှင်က မနေ့က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့ထားတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org