ကျောင်းသားတွေကိုလွှတ်ပေး ဖို့ ရွှေဝါရောင်တော်လှန်ရေး နှစ် ပတ်လည်နေ့မှာ တောင်းဆို

ဖမ်းဆီးခံထားရတဲ့ ကျောင်း သူ ကျောင်းသားတွေကို လွှတ်ပေးဖို့နဲ့ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးဖို့ ဒီကနေ့ ကျရောက်တဲ့ ၈ နှစ်မြောက် ရွှေဝါရောင် သံဃာ့လှုပ်ရှား မှု နှစ်ပတ်လည်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

စက်တင်ဘာလ ၁ဂ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းက ဓမ္မပိယသာသနာ့ရိပ်သာကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၈ နှစ်မြောက် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေကို လွှတ်ပေးဖို့နဲ့ လာမယ့်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးဖို့ ဒီကနေ့ ကျရောက်တဲ့ ၈ နှစ်မြောက် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းက ဓမ္မပိယသာသနာ့ရိပ်သာကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဆရာတော် ဦးအဂ္ဂက တောင်းဆိုချက်ကို မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"နိုင်ငံရေးအကျဉ်သား အကျဉ်းသူများ၊ လယ်ယာမြေကိစ္စ၊ အလုပ်သမားကိစ္စ အစရှိသော ကိစ္စရပ် များဆောင်ရွက်ရာတွင် ဖမ်းဆီးချုပ်နှောင်ထောင်ကျနေသူများအား အမြန်ဆုံးလွှတ်ပေးရန်၊ မဲစာရင်းတွင် အမည်ပါဝင်သော မဲဆန္ဒရှင်များသည် စစ်အစိုးရကိုအလိုရှိပါက စစ်သားပါတီကိုမဲထည့်ပြီး အရပ်သား ပါတီအစိုးရကိုအလိုရှိပါက အရပ်သားပါတီကိုမဲထည့်ရန်၊ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲကြီးကို တရားမျှတလွတ်လပ်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ငြိမ်းချမ်းစွာဆောင်ရွက်ပေးရန်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်မတော်များနှင့် အစိုးရတပ်မတော်တို့အကြား စစ်ပွဲအားလုံး ရပ်ဆိုင်းစေချင် ပြီဖြစ်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်"

ဒါ့အပြင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝ ရရှိရေး စတာတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အခမ်းအနားမှာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြတဲ့ သံဃာတော်တွေ၊ ပြည်သူတွေအတွက် ၁ မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

၂ဝဝ၇ ခုနှစ်က ဓါတ်ဆီဈေးနှုန်းတွေ မြင့်တက်သွားတာကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး သံဃာတော်တွေက ရေဝဝါရောင်အရေးအခင်းမှာ ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ဟာ ၈ နှစ်မြောက် ရွှေဝါရောင် သံဃာ့အရေးအခင်း နှစ်ပတ်လည်နေ့ အခမ်းအနားအကြောင်း RFA သတင်းထောက် ကိုဘုန်းမြတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org