ရခိုင်အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုမိုပါဝင်ရေး RWU ကြိုးပမ်းမည်

နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နိုင်မယ့် ရခိုင် တိုင်းရင်းသားအမျိုးသမီးတွေ ပိုမိုပါ ဝင်လာနိုင်ရေးအတွက် အရည်အသွေးမြှင့် တင်ဖို့ ကြိုးပမ်းမယ်လို့ ရခိုင်အမျိုးသမီး အစည်းအရုံးက ပြော ပါတယ်။

ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဗဟိုကော်မတီအစည်းအဝေးမှာ ဥက္ကဌ ဒေါ်စောမြရာဇာလင်းကို ဒီဇင်ဘာလ ၂ဝ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ် Photo: Min Thein Aung/ RFA

နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နိုင်မယ့် ရခိုင် တိုင်းရင်းသားအမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ဖို့ ကြိုးပမ်းမယ်လို့ ရခိုင်အမျိုးသမီး အစည်းအရုံးက ပြောပါတယ်။

စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသမီးများအစည်းအရုံး RWU ဗဟိုကော်မတီအစည်းအဝေးမှာ ဥက္ကဌ ဒေါ်စောမြရာဇာလင်း က အမျိုးသမီး ခေါင်းဆောင်တွေ ပေါ်ပေါက်လာနိုင်ရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ် ပါတယ်။

"အဓိကကတော့ ဆုံးဖြတ်ချက်ချတဲ့အဆင့်တွေမှာ အမျိုးသမီးတွေပါဝင်ဖို့နဲ့ အမျိုးသမီး တွေက နိုင်ငံရေးမြှင့်တင်တဲ့ လုပ်ငန်းတွေမှာ အမျိုးသမီးတွေပါဝင် လာနိုင်ဖို့၊ နိုင်ငံရေး နယ်ပယ်တွေမှာ အမျိုးသမီးခေါင်းဆောင်တွေပါဝင်လာဖို့ အတွက် ကျမတို့အဓိက လုပ်ဆောင်သွားမှာဖြစ်ပါတယ်"

ရခိုင်ပြည်နယ်လွှတ်တော်ထဲမှာ အရည်အချင်းရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်လာနိုင်ရေးအတွက်လည်း ကြိုးပမ်း သွားမှာဖြစ်တယ် လို့ ဒေါ်စောမြရာဇာလင်းက ပြောကြားခဲ့ပါတယ်။

ဒီနေ့က စပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ အဲဒီ အစည်းအဝေးမှာ အမျိုးသမီးတွေ အတွက် နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org