ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ICJ အမြန်ဆုံးဖြတ်ချက်ချဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ မျှော်လင့်

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုကို အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က မျှော်လင့်တဲ့အကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတဲ့အမှုကို အမြန်ဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာနိုင်ငံတို့က မျှော်လင့်တဲ့အကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံမှာ ပြုလုပ်မယ့် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ၁၅ ကြိမ်မြောက် ထိပ်သီး ညီလာခံမတိုင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်စနာ မာမက်နဲ့ ဂမ်ဘီယာ တရားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လက်ခံထားတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ ICJ တရားရုံးအမှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငွေကြေးထောက်ပံ့ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ICJ တရားရုံးအမှုမှာ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့ကြောင်း သက်သေပြနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့ ရန်ပုံငွေ မလုံလောက်မှုဖြစ်နေတဲ့အကြောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လိုအပ်တဲ့ သက်သေအထောက်အထား ဥပဒေရေးရာ အကူအညီတွေ ပေးအပ်သွားဖို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ကတိပြုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org