လှိုင်သာယာမှာ လူ့အခွင့်အရေး ဆွေးနွေးဟောပြော

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် တံတားဖြူ (၈) ရပ်ကွက်မှာ HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများကွန်ရက်က လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အရွယ်နှင့်မမျှ ဤကဲ့သို့ အလုပ်လုပ်နေကြရသည်မှာ အလုပ်သမား ပြဿနာကြီးတခု ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒီဆွေးနွေးပွဲမှာ ကလေးစစ်သား စုဆောင်းခံရမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ နည်းလမ်းတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဦးဆောင်ဆွေးနွေးသူ ဦးမောင်မောင်လေးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်း အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်သားအဖြစ် စုဆောင်းခံရတဲ့နှုန်း အတော်များကြောင်း၊ ဒါ့ပြင် ကလေးတွေကို အလွဲသုံးစား လုပ်ခံရတာတွေလည်း ရှိတဲ့အတွက် ကလေး အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ အခြေခံ ဗဟုသုတ တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဦးမောင်မောင်လေးက ပြောပါတယ်။ ဒီလူ့အခွင့်အရေး ဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့တဲ့ လှိုင်သာယာမြို့နယ်က ဒေါ်ခင်အေးမော်ကလည်း အခုလို ပြောပြပါတယ်။

“လှိုင်သာယာမြို့နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ အများကြီး ခံစားနေရတယ်။ အဓိက ခံစားနေရတာ အသက်အရွယ် မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်တပ်ထဲ သွတ်သွင်းတာ အများဆုံး ခံနေရတယ်။ မိဘတွေကို အကြံပေး ဟောပြောတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရပ်ကွက်တွေကို ဒီလို လာလုပ်ပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်”

လှိုင်သာယာမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်း မကောင်းတဲ့အတွက် ဆင်းရဲနွမ်းပါးသူနဲ့ ပညာချို့တဲ့သူ အများအပြားရှိပြီး ကလေးသူငယ်တွေ အလွဲသုံးစား လုပ်ခံရတဲ့ ဖြစ်ရပ်တွေလည်း အတော်များများ ရှိတယ်လို့ ဦးဆောင် ဆွေးနွေးသူတွေက ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီကနေ ညနေ ၄ နာရီ အထိ ပြုလုပ်ခဲ့ပြီး လူေပေါင်း ၆ဝ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org