ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ပူလစ်ဇာဆု လက်ခံရယူ

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့ညနေက ပူလစ်ဇာဆုတွေ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

၂ဝ၁၉ မေလ ၂၈ ရက်နေ့က ပူလစ်ဇာဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တွေ့ရသည့် သတင်းထောက်ကိုဝလုံးနှင့် ကိုကျော်စိုးဦး။ Photo: Reuters

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့ညနေက ပူလစ်ဇာဆုတွေ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

နယူးယောက်မြို့က ကိုလံဘီယာတက္ကသိုလ်မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲမှာ သတင်းထောက်ကိုကျော်စိုးဦးက သူတို့လွတ်မြောက်ရေးအတွက် ကမ္ဘာတလွှားက ထောက်ခံအားပေးခဲ့ကြတဲ့ သတင်းသမားတွေ၊ အဖွဲ့အစည်းတွေ အပါအဝင် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းထောက်ကိုဝလုံးကလည်း ပူလစ်ဇာဆုရွေးချယ်ရေး ကော်မတီ အပါအဝင် သူတို့ အကျဉ်းချခံနေရစဉ် ထောက်ခံအားပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့၊ ကမ္ဘာတခွင်မှာ သူတို့ရဲ့ဘဝနဲ့ လွတ်လပ်မှုတွေကို နေ့စဉ်နဲ့အမျှ စွန့်လွှတ်စတေးပြီး သတင်းတွေတင်ပြနေကြတဲ့ ဘဝတူ သတင်းသမားအားလုံးကို ဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org