သတင်းထောက်နှစ်ဦးအမှု မျှမျှတတ စစ်ဆေးမှုမရှိကြောင်း ကိုဝလုံးပြော

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး က သူတို့အမှုကို တရားမျှမျှတတ စစ်ဆေးပြီး ရုံးတော်တင်ပြတာမရှိကြောင်း ဒီနေ့ ပြောပါတယ်။

ရိုက်တာသတင်းထောက်တွေကို ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Htet Arkar/RFA

နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး က သူတို့အမှုကို တရားမျှမျှတတ စစ်ဆေးပြီး ရုံးတော်တင်ပြတာမရှိကြောင်း ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ၆ကြိမ်မြောက် ဒီနေ့ ရုံးထုတ်အပြီးမှာ ကိုဝလုံး က ပြောတာဖြစ်ပါတယ်။

"ကျနော်တို့ဟာ တရားမမ ျှတဘူးလို့ ခံစားရပါတယ်။ ကျနော်တို့ကို လုံးဝမ ျှမ ျှတတ စစ်ဆေးတာမျိုး မလုပ်ဘူး။ ကျနော်တို့ကို ဘယ်လိုတရားစွဲမလဲဆိုတာမျိုး ရုံးတော်မှာ လုပ်ခဲ့တာလေ ။ကျနော်တို့ ဘာကြောင့် ရဲတပ်ဖွဲကို ဆက်သွယ်ခဲ့ရတယ်၊ သတင်းဘယ်လို ရေးသားဖော်ထုတ်ရသလဲဆိုတာ..."

ဒီကနေ့ ရုံးထုတ်မှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို သတင်းထောက်တွေက မေးမြန်းရာ ပြန်လည်ဖြေကြားလို့ မရအောင် ရဲတပ်ဖွဲ့ဝင်တွေက အတင်းအကြပ်တားဆီးခဲ့ပါတယ်။

ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ထောက်ကြံ့မြို့နယ်ရဲစခန်းက ဒုရဲအုပ်တင်ထွေးဦး ကို စစ်ဆေးခဲ့ပါတယ်။ အဲဒီအမှုအတွက် သက်သေအဖြစ်တင်သွင်းမယ့်သူ ၄၀ ဦးရှိပြီး အဲဒီထဲမှာ ကိုဝလုံးတို့ နှစ်ဦးနဲ့အတူ ဖမ်းဆီးခံရတဲ့ ရဲဝန်ထမ်း နှစ်ဦးလည်း ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org