စက်မှုဝန်ကြီးဦးခင်မောင်ချိုကို တာဝန်ကအနားပေးပြီ
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2019-07-27 -
-
-
Your browser doesn’t support HTML5 audio
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုကို ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက်အရ လူနာတင်ယာဉ်တွေအတွက် လိုအပ်တာတွေဝယ်ယူတာ၊ BPI စက်ရုံအတွက် ဆေးဝါးကုန်းကြမ်းဝယ်တာတွေမှာ တင်ဒါခေါ်ယူခြင်းမရှိဘဲ ဒီတိုင်းဝယ်လိုက်တာတွေကြောင့် အဂတိ လိုက်စားမှုတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ရှိခဲ့တဲ့အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ် မေလမှာ စက်မှုဝန်ကြီးဌာနရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ စက်မှုဝန်ကြီးဌာန အမှတ် ၁၅ အကြီးစားစက်ရုံ (သာဂရ) က ထုတ်လုပ်တဲ့ လူနာတင်ယာဉ် အစီး ၅၀ ကျော်ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအတွက် ထုတ်လုပ်ပေးခဲ့ကြောင်း ပြောဆိုထားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။
NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီးအဆင့်တွေကို အဂတိလိုက်စားကြောင်း သတင်း ထွက်ပေါ်ပြီးနောက် နုတ်ထွက်ခွင့် ပေးလိုက်တာမျိုးရှိသလို တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့ မော်ကိုလည်း အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးတာတွေလည်း ရှိနေပါတယ်။
(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)