လုံခြုံရေးအခြေအနေကြောင့် ရခိုင်အကြံပေးကော်မရှင် အဖွဲ့ မောင်တောကို မသွားရောက်နိုင်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးနဲ့ ကော်မရှင်ရုံး တာဝန် ရှိသူတွေဟာ စစ်တွေမြို့ကို ဒီနေ့ ရောက်ရှိလာပြီး ပြည်နယ် အစိုးအဖွဲ့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ရခိုင်တိုင်းရင်း သားနဲ့ မွတ်ဆလင် နှစ်ဘက်ရပ်မိရပ်ဖတွေနဲ့လည်း သီးခြား စီတွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ စစ်တွေမြို့က ရခိုင်ရပ်မိရပ်ဖတွေ နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်တွေဟိုတယ်မှာ တွေ့ဆုံကြစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးနဲ့ ကော်မရှင်ရုံး တာဝန်ရှိသူတွေဟာ စစ်တွေမြို့ကို ဒီနေ့ ရောက်ရှိလာပြီး ပြည်နယ်အစိုးအဖွဲ့နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ရခိုင်တိုင်းရင်းသားနဲ့ မွတ်ဆလင် နှစ်ဘက်ရပ်မိရပ်ဖတွေနဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ကော်မရှင်အဖွဲ့အနေနဲ့ လုံခြုံရေးအရ မောင်တောမြို့နယ်ကို သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း ကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောပါတယ်။

"ပထမတော့ သွားမလို့ပဲ၊ ဒါပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် မောင်တောကိုတော့ မသွားတော့ဘူး"

ဒီနေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရာမှာ မောင်တောမြို့နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့် က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေကတော့ ဦးဝင်းမြ၊ ဒေါက်တာသာလှရွှေ၊ ဦးအေးလွင်၊ ဦးခင်မောင်လေး၊ ဒေါက်တာမြသီတာ၊ ဒေါ်စောခင်တင့်နဲ့ Ms Laetitia Venden Assum တို့ ၇ ဦးဖြစ်ပြီး ကော်မရှင် ဥက္ကဌဖြစ်တဲ့ မစ္စတာ ကိုဖီအာနန် ပါဝင်ခြင်းမရှိပါဘူး။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ပပညာရှင် ၃ ဦးနဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး အပါအဝင် စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။

ကော်မရှင်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကနေတဆင့် အစိုးရထံ ၁ နှစ်အတွင်း တင်ပြရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org