၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပေးဖို့ စစ်တွေနဲ့ မောင်တော မြို့ခံတွေ တောင်းဆို

ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မှန်မှန်ကန်ကန် စိစစ်ပေးဖို့ စစ်တွေနဲ့ မောင်တောမြို့တွေ မှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပေးဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်တွေ နဲ့ မောင်တောမြို့ခံတွေ တောင်းဆိုဆန္ဒပြစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ မှန်မှန်ကန်ကန် စိစစ်ပေးဖို့ စစ်တွေနဲ့ မောင်တောမြို့တွေမှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အစိုးရက မွတ်ဆလင်တွေကို နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေ ထုတ်ပေးရာမှာ ဥပဒေနဲ့မညီညွတ်တဲ့ သူတွေ ကဒ်ပြားရရှိနေတာကြောင့် တောင်းဆိုတာလို့ စစ်တွေမြို့က ဆန္ဒပြပွဲ ဦးဆောင်သူတွေကပြောပါတယ်။

အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးအဖွဲ့တွေထဲမှာ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းပေးဖို့နဲ့ ဥပဒေနဲ့မညီတဲ့ နိုင်ငံသားအသိအမှတ်ပြုကဒ်ပြားတွေ ထုတ်ပေးထားတာကို ပြန်လည်သိမ်းဆည်းပေးဖို့၊ နိုင်ငံသား ကိစ္စအတွက် ဥပဒေမဲ့ဆောင်ရွက်နေသူတွေကို အရေးယူအပြစ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အစိုးရအနေနဲ့ နိုင်ငံသားခွင့်ပြုပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကိုရရှိအောင် ပွင့်လင်းမြင်သာစွာ ချပြပြောဆိုတာမရှိသလို အခုလို မွတ်ဆလင်တွေကို နိုင်ငံသားပေးတဲ့ကိစ္စဟာ အထက် အမိန့်အရပေးတာလို့ လ.ဝ.က အရာရှိတွေက ဒေသခံတွေကို တုန့်ပြန်ပြောဆိုတဲ့ကိစ္စဟာလည်း လက်ခံလို့ မရနိုင်ဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေကပြောပါတယ်။

အစိုးရက မောင်တောဒေသက မွတ်ဆလင် ၅၃ ဦးကို နိုင်ငံသားအထောက်အထားကဒ်တွေကို အခုလအတွင်း ထုတ်ပေးခဲ့တဲ့ကိစ္စဟာ ဥပဒေနဲ့မညီဘူး ဆိုပြီး ဒေသခံတွေက ကန့်ကွက်ပြောဆိုနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org