နိုင်ငံသားစိစစ်မှုနဲ့ ပတ်သက်တဲ့ ရခိုင်လွှတ်တော်တွေ့ရှိချက် သမ္မတဆီ တင်မယ်
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း မှာ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ကဒ်ပြားတွေကို ထုတ်ပေးရာမှာ တည်ဆဲဥပဒေကို ချိုးဖောက် မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း လေ့လာတွေ့ရှိထား တဲ့ ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ ကို နိုင်ငံတော်သမ္မတထံပေးပို့သွားဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကြေညာ လိုက်ပါတယ်။
-
2017-03-24 -
-
-
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ ကဒ်ပြားတွေကို ထုတ်ပေးရာ မှာ တည်ဆဲဥပဒေကို ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်း လေ့လာတွေ့ရှိထားတဲ့ ပြည်နယ်လွှတ်တော် စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံပေးပို့သွားဖို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
အစိုးရအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်သင့် တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးမြသန်း က လွှတ်တော်မှာတင်ပြခဲ့ပါတယ်။
"တည်ဆဲဥပဒေပါ ပြဌါန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်း စိစစ်ဆောင်ရွက်သင့်ပါသည်၊ ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစိစစ်ပြီးကာ ဥပဒေနဲ့ကိုက်ညီသူများ ကို နိုင်ငံသားလက်မှတ် ထုတ်ပေးရမည်ဖြစ်ဖြစ်သည်၊ ဥပဒေနဲ့မညီညွတ်သူများကိုလည်း ဥပဒေအတိုင်း သာ ဆောင်ရွက်သင့်ပါတယ်"
အစိုးရအနေနဲ့ ဥပဒေနဲ့မညီဘဲ မွတ်ဆလင်တွေကို နိုင်ငံသားပေးနေတယ်ဆိုပြီး ဒေသခံတွေဘက်က စွပ်စွဲပြော ဆိုမှုတွေဟာ မှန်ကန်ကြောင်း ပြည်နယ်လွှတ်တော်ရဲ့ "နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့" က လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။
ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားကို လွှတ်တော်ဥက္ကဌက မေးမြန်းခဲ့ပေမယ့် တစ်စုံတရာ တုန့်ပြန်ဖြေရှင်းတာမရှိခဲ့ပါဘူး။
ဒီအစီရင်ခံစာအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိတာကြောင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ် စဉ်တွေကို လေ့လာသုံးသပ်ထားတဲ့ အစီရင်ခံစာ ဒုတိယပိုင်းကိုလည်း ဒီနေ့ အတည်ပြုခဲ့ပါတယ်။