ရခိုင်လွှတ်တော် နိုင်ငံသားကိစ္စ တိုင်ကြားမှုရရှိ တာကြောင့် လေ့လာနေ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီမဟုတ်ဘဲ ဘူူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ မွတ်ဆလင်တွေ ကို နိုင်ငံသားအဖြစ် ပေးနေတယ်ဆိုပြီး မောင်တော မြို့ ဒေသခံတွေက ပြည်နယ်လွှတ်တော်ဥက္ကဌဆီကို တိုင်ကြားလာတာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ အထူးကြားနာစုံစမ်းရေးလုပ်ငန်းအဖွဲ့က ဒီကနေ့ သွားရောက်လေ့လာစုံစမ်းနေပါတယ်။

မောင်တောကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရောက်ရှိနေတဲ့ လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Aung Kyaw Min FB

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီမဟုတ်ဘဲ ဘူူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မွတ်ဆလင်တွေ ကို နိုင်ငံသားအဖြစ် ပေးနေတယ်ဆိုပြီး မောင်တောမြို့ ဒေသခံတွေက ပြည်နယ်လွှတ်တော်ဥက္ကဌဆီကို တိုင်ကြား လာတာကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ အထူးကြားနာ စုံစမ်းရေးလုပ်ငန်းအဖွဲ့က ဒီကနေ့ သွားရောက်လေ့လာစုံစမ်းနေပါတယ်။

အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေဟာ ဥပဒေနဲ့အညီ မှန်ကန်မှုရှိ မရှိဆိုတာကို အဓိကလေ့လာပြီး လွှတ်တော်ကို အစီရင်ခံမှာဖြစ်တယ်လို့ အထူးကြားနာ စုံစမ်းရေးလုပ်ငန်းအဖွဲ့ ဥက္ကဌဖြစ်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကပြောပါတယ်။

"ကျနော်တို့က ဒီမှာ နိုင်ငံသား စိစစ်ပုံ စိစစ်နည်းတွေရယ် နောက် ဘယ်လိုဥပဒေတွေနဲ့ ဘယ်လို အချက်အလက်တွေနဲ့ အတည်ပြုပေးတယ်၊ ဘယ်လိုခွင့်ပြုပေးတယ်ဆိုတာကို ကျနော်တို့ ကြားနာ ဖို့ ဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့က ကြားနာပြီးရင် ဒီပြည်သူလူထုက ကန့်ကွက်ထားတာတွေဟာ မှန်ကန်မှု ရှိမရှိကို လေ့လာသုံးသပ်သွားပြီးတော့ ကျနော်တို့ လွှတ်တော်ကို အစီရင်ခံစာတင်သွား မှာဖြစ်ပါတယ်။"

ဒီစုံစမ်းလေ့လာမှုဟာ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ သုံးရက်တာကြာမြင့်မှာဖြစ်ပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် နှစ်ခုစလုံးကို သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။

စုံစမ်းရေးအဖွဲ့အနေနဲ့ ဒီကနေ့မှာ မောင်တောမြို့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို နောက်နေ့တွေမှာတော့ အစိုးရရဲ့ နိုင်ငံသားစိစစ်ရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

အခုလအတွင်းမှာ အစိုးရက မောင်တောမြို့က မွတ်ဆလင် ၅၀ ကျော်ကို နိုင်ငံသားအသိအမှတ်ပြု ကဒ်နဲ့ နိုင်ငံသားပြုခွင့်ရသူအဖြစ် အသိအမှတ်ပြုကဒ်ပြားတွေ ထုတ်ပေးခဲ့တဲ့ကိစ္စဟာ ဥပဒေနဲ့မညီဘူး ဆိုပြီး မောင်တောမြို့ခံတွေက ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြ ပါသေးတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org