သက်ငယ်မုဒိမ်းမှုကို ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တဲ့ ဥပဒေပြင်ဆင်

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ “ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း” ကို သမ္မတဦးဝင်းမြင့်က မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို တွေ့ရစဉ် .

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ “ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း” ကို သမ္မတဦးဝင်းမြင့်က မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၃၇၆ မှာ… “အသက် ၁၂ နှစ်အောက် အမျိုးသမီးအပေါ် မုဒိန်းမှုကျူးလွန်သူကို ထောင်ဒဏ် တသက်တကျွန်း- သို့မဟုတ် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ရမည်” ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ ဖြည့်စွက်ပြင်ဆင် အစားထိုးလိုက်တာပါ။

ဒ့ါပြင် ပယ်ဖျက်ထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၅ နေရာမှာ “ထောင်ဒဏ် တသက်တကျွန်းပြစ်ဒဏ် ဆိုသည်မှာ ပြစ်မှုကျူးလွန်သူအနေဖြင့် သေဆုံးချိန်အထိ ထောင်ထဲတွင်နေရမည့် ပြစ်ဒဏ်ကို ဆိုလိုသည်” လို့လည်း အင်္ဂလိပ်ဘာသာနဲ့ ဖြည့်စွက်ထားပါတယ်။

ဥပဒေကြမ်းကို အတည်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် အသက် ၁၂ နှစ်အောက်အမျိုးသမီးတွေ အပေါ် မုဒိမ်းမှုကျူးလွန်ရင် အနည်းဆုံး ထောင်ဒဏ် အနှစ် ၂ဝ ကနေ အများဆုံး ထောင်ဒဏ် တသက်တကျွန်း အထိ ချမှတ်တော့မှာ ဖြစ်ပါတယ်။

အရင်ဥပဒေ သတ်မှတ်ချက်အရ မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ်အနှစ် ၂ဝ အထိသာ ချမှတ်နိုင်ပြီး၊ အယူခံ ဝင်တဲ့အခါ ပြစ်ဒဏ် လျော့နည်းသွားတာတွေ ရှိနိုင်တဲ့အတွက်၊ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြီးခဲ့တဲ့ သြဂုတ်လက လွှတ်တော်မှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org