လစာတိုးပေးရေး သမ္မတရုံး စစ်တမ်းကောက်

အစိုးရဝန်ထမ်းတွေကို လစာတိုးပေးသင့် မသင့်ကို နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် မှာ မနေ့ကစတင်ပြီး စစ်တမ်းကောက် ယူနေပါတယ်။ အခုလိုအွန်လိုင်းကနေ မဲပေးတဲ့စနစ် နဲ့ ပြည်သူလူထုသဘောထားကို ကောက်ခံတာ ပထမ ဆုံးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရဝန်ထမ်းတွေ လစာတိုးပေးသင့်၊ မသင့် သမ္မတရုံး ဝက်ဘ်ဆိုဒ်မှာ ကောက်ခံစဉ် Photo: Myanmar President Office Website

အစိုးရဝန်ထမ်းတွေကို လစာတိုးပေးသင့် မသင့် ကို နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်မှာ မနေ့က စတင်ပြီး စစ်တမ်းကောက်ယူနေပါတယ်။ အခုလို အွန်လိုင်းကနေ မဲပေးတဲ့စနစ်နဲ့ ပြည်သူလူထု သဘောထားကို ကောက်ခံတာ ပထမဆုံးဖြစ်တယ် လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။

"ကောက်တဲ့ဟာက ကျနော်တို့က အားလုံးပြည့်စုံပြီ လို့ ပြောလို့မရဘူး၊ ကျနော်တို့ စမ်းသပ်ပြီးကောက်ခံ တာပေါ့၊ နံပါတ် ၁ က ပြည်သူ့သဘောထား ကို ကောက်ခံတဲ့နေရာမှာ အမျိုးမျိုးရှိတယ်၊ အိမ်တိုင်ယာရောက် စစ်တမ်းကောက်တာရှိတယ်၊ မီဒီယာအဖွဲ့အစည်းတွေကတဆင့် ကောက်ကွက် သတ်မှတ်ပြီးတော့ ကောက်သင်းကောက်တာရှိ တယ်၊ နောက်တဆင့်က ပြည်သူ့သဘောထားတွေ ကို ဖော်ပြနေတဲ့ မီဒီယာတွေကနေ အသံတွေယူတာ ရှိတယ်၊ ဒီအွန်လိုင်းက အစိုးရဖက်က ပထမဆုံးစပြီးတော့ ကောက်တဲ့သဘောပေါ့နော်၊ ဒီဟာအပေါ်မှာ ကျနော်တို့က ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုပေါ့၊ ဒီအပေါ်မှာဘယ်လောက်ပါမလဲ၊ ဘယ်လောက် အထိပြန်ပြီးတော့ ဖြေကြားမလဲဆိုတဲ့ဟာပေါ့"

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက်ဟာ အစိုးရဝန်ထမ်းတွေဖြစ်ပြီး အစိုးရအနေနဲ့ အဲဒီဝန်ထမ်းတွေကို လစာတိုးပေးဖို့ တွက်ချက်နေတယ်လို့ သမ္မတရုံးဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ အဲဒီလို စစ်တမ်းကောက်ယူရာမှာ အစိုးရဝန်ထမ်းတွေကို "မက်မောလောက်အောင်" လစာတိုးပေးဖို့ သင့် မသင့်၊ “အတင့်အသင့်” သာ တိုးပေးသင့်၊ မသင့် ဒါမှမဟုတ် အဆင့်မြင့်ဝန်ထမ်းတွေ အသုံးစရိတ်ချွေတာပြီး အခြေခံဝန်ထမ်း တွေသာ လစာတိုးပေးသင့်ဆိုပြီး စစ်တမ်းကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ခွဲခြားကောက်ယူနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org