ပုံနှိပ်ဥပဒေမူကြမ်း လွှတ်တော်က အတည်ပြုပြဌာန်းဖို့ ဦးအောင်ကြည် ပြောကြား

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပုံနှိပ်ဥပဒေမူကြမ်းကို လွှတ်တော်ကနေ ဆက်လက်အတည်ပြုပြဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မနေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပုံနှိပ်ဥပဒေမူကြမ်းကို လွှတ်တော်ကနေ ဆက်လက်အတည်ပြုပြဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မနေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

ဥပေဒထွက်လာဖို့အတွက် လွှတ်တော်ကနေ နောက်ဆုံးလုပ်ဆောင်သွားဖို့ပဲရှိကြောင်း ပြည်ထောင်စုဝန်ကြီးကပြောခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက RFA ကို ပြောပါတယ်။

"ဝန်ကြီးက ပုံနှိပ်ဥပဒေကို ဆိုင်းငံ့တော့မပါဘူး၊ ရုပ်ဆိုင်းတာလည်းမဟုတ်ဘူး၊ ရုပ်သိမ်းတာလည်းမရှိဘူး၊ အဲ့ဒါလုံးဝမရှိပါဘူးတဲ့၊ ပြည်ထောင်စုလွှတ်တော်ကလည်း လက်ခံထားပါတယ်တဲ့၊ နောက်တစ်ခါ ပြည်ထောင်စုလွှတ်တော်ကလည်း ဥပဒေကြမ်းကော်မတီကို ချပေးထားပါပြီတဲ့၊ ပြည်သူ့လွှတ်တော်ကိုလည်း ချထားပေးပါပြီတဲ့၊ ပြည်သူ့လွှတ်တော်ကလည်း စပြီးဆွေးနွေးနေပါပြီတဲ့၊ ဥပဒေကြမ်းကတော့ လွှတ်တော်တင်တဲ့ ပြောစရာမလိုဘူးပေါ့နော်"

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ ဒီဥပဒေကြမ်းမှာပါဝင်တဲ့ အချက်တွေအနက် မှတ်ပုံတင်အရာရှိလက်ထဲကို တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအာဏာတွေ ဝကွက်ပေးအပ်ထားတဲ့အချက်ကို အဓိကထားကန့်ကွက်ခဲ့တယ်လို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးက အခုဆွဲထားတဲ့ ဥပဒေကြမ်းကို နောက်နောင်မှာ ကြိုက်သလောက် ပြင်ဆင်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org