နိုင်ငံတော်သမ္မတအသစ်နဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ တွေ့မည်
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော်ဟာ မနက်ဖြန် အစိုးရတာဝန်လွဲှပြောင်းယူ ပြီးနောက် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်အသစ်တွေ ၊ ပြည်နယ်/တိုင်းလွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ရှိ ပါတယ်။
-
2016-03-29 -
-
-
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော်ဟာ မနက်ဖြန် အစိုးရတာဝန်လွဲှပြောင်းယူပြီးနောက် တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်အသစ်တွေ၊ ပြည်နယ်/တိုင်းလွှတ်တော် ဥက္ကဌတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
တိုင်းနဲ့ပြည်နယ် ဝန်ကြီးဌာနအမည်တွေနဲ့ ခန့်အပ်မယ့် ဝန်ကြီးစာရင်းကို သမ္မတက အတည်ပြုလက်မှတ်ရေး ထိုးပေးမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လွှတ်တော်ဥက္ကဌ ဦးသန်း က ပြောပါတယ်။
"ကျနော်တို့လွှတ်တော်ဥက္ကဌနဲ့ ရွေးချယ်ခံဝန်ကြီးချုပ်ရယ် ညစာစားပွဲကို ၂ ဦးတက်ရောက်မယ်၊ ကျနော်တို့ တိုင်းမှူးနဲ့ ပြည်နယ်ဝန်ကြီးတွေကတော့ ကျနော်တို့သွားမှပဲ သမ္မတကပေးမယ်"
ဒီနေ့အထိ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ၁၂ ဦးကို လွှတ်တော်အသီးသီးမှာ အတည်ပြုပြီးနောက် မနက်ဖြန် ကျန်တဲ့ဝန်ကြီးချုပ် ၂ ဦးကို အတည်ပြုမှာဖြစ်ပါတယ်။
သမ္မတအသစ် ဦးထင်ကျော်နဲ့ တွေ့ဆုံပွဲကို ကချင်နဲ့ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ၂ဦးက တက်ရောက်မှာမဟုတ်ဘဲ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးတွေသာ တက်ရောက်မှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပမယ့် ညစာစားပွဲကိုလည်း ဝန်ကြီးချုပ်အသစ်တွေနဲ့ လွှတ်တော်ဥက္ကဌတွေ တက်ရောက်မှာဖြစ်ပါတယ်။
လက်ရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဝန်ကြီးဌာန ၉ ခုစီလောက် ရှိနေတာဖြစ်ပြီး လာမယ့် အစိုးရသစ်လက်ထက် မှာ ဝန်ကြီးဌာန ၅ခုစီသာ ဖွဲ့စည်းထားရှိမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်တွေက ပြောပါတယ်။