ကချင်က ကက်သလစ်ဘာသာဝင်တွေ ပုပ်ရဟန်းမင်းနဲ့အတူ ဝတ်ပြုမည်

မြန်မာနိုင်ငံကို နိုဝင်ဘာလကုန်ပိုင်းမှာ လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးနဲ့အတူ ဆုတောင်း ဝတ်ပြုဖို့အတွက် ကချင်ပြည်နယ်က ကက်သလစ်ဘာသာဝင် အယောက် ၅ ထောင်ကျော်ဟာ ရန်ကုန်မြို့ကို လာရောက်မှာဖြစ်ပြီး အဲဒီအထဲက မီးရထားနဲ့ လာရောက်မယ့် ၃ ထောင်ကျော်ဟာ ဒီကနေ့ မြစ်ကြီးနားကနေ စတင်ထွက်ခွာလာကြပြီဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့အတူ ဆုတောင်းဝတ်ပြုဖို့အတွက် ကချင်ပြည်နယ်က ကက်သလစ်ဘာသာဝင်တွေ မီးရထားနဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က မြစ်ကြီးနားကနေ စတင်ထွက်ခွါလာစဉ် Photo: Kyaw Myo Min/RFA

မြန်မာနိုင်ငံကို နိုဝင်ဘာလကုန်ပိုင်းမှာ လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးနဲ့အတူ ဆုတောင်းဝတ်ပြုဖို့အတွက် ကချင်ပြည်နယ်က ကက်သလစ်ဘာသာဝင် အယောက် ၅ ထောင်ကျော်ဟာ ရန်ကုန်မြို့ကို လာရောက်မှာဖြစ်ပြီး အဲဒီအထဲက မီးရထားနဲ့ လာရောက်မယ့် ၃ ထောင်ကျော်ဟာ ဒီကနေ့ မြစ်ကြီးနားကနေ စတင်ထွက်ခွာလာကြ ပြီဖြစ်ပါတယ်။

ပြည်ထောင်စုတဝှမ်းလုံး ငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းကြီးနဲ့အတူ ဆုတောင်းကြမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ပုပ်ရဟန်းမင်းကြီး ကြိုဆိုရေးအဖွဲ့ ဦးစီးကော်မတီ ဥက္ကဌ ဦးဂျိုးဇက်မြတ်စိုးလတ်က ပြောပါတယ်။

"တွဲဆိုင်း ၅ ဆိုင်းပေါ့နော်။ ကျနော်တို့ကို ပေးထားတာ။ အထူးတွဲဆိုင်း ၃ ဆိုင်းရယ်။ နောက် ၅၈ အစုန်ကို ပိတ်ပြီးတော့ ပေးတာက ၂ ဆိုင်းရယ်။ အဲဒီ ငါးဆိုင်းမှာ ကျနော်တို့ ၃၅၇၇ ဦး သွားပါမယ်။ ပြီးရင် ကားတွေ၊ လေယာဉ်တွေနဲ့သွားတာနဲ့ဆိုရင် အားလုံးစုစုပေါင်း ၅၇၅၅ ယောက်ရှိပါတယ်။ အားလုံး ရန်ကုန်ဆင်းကြမှာပါ။ လူတွေအများဆုံး လိုလားတမ်းတနေတာက ငြိမ်းချမ်းရေးပေါ့နော်။ အဲဒီလို ငြိမ်းချမ်းရေးရှိမှလည်း ကျနော်တို့ ပြည်နယ်ရော ဗမာပြည် တစ်ပြည်လုံးရော ဖွံ့ဖြိုးတိုးတက်မယ်လို့ပဲ အားလုံးက ခံယူထားပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့မှာလည်း တတ်နိုင်တာကတော့ ဆုတောင်းခြင်းပဲရှိပါတယ်။ အဲဒီတော့ ပုပ်ရဟန်းမင်းကြီးနဲ့အတူတူ အထူးဆုတောင်းဖို့ အားနဲ့အင်နဲ့ ကျနော်တို့ ဆုတောင်းကြမှာပါ"

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုဝင်ဘာ ၂၈ ရက်နေ့ နေပြည်တော်မှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဆုံမှာဖြစ်သလို နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကက်သလစ်ဘာသာဝင်တွေနဲ့အတူ စုပေါင်းဝတ်ပြုဆုတောင်းကြမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ကက်သလစ် ဘာသာဝင် ၁ သိန်း ၂ သောင်းကျော်ရှိပြီး မြစ်ကြီးနား၊ ပူတာအို၊ ဖားကန့်၊ ချီဖွေ၊ တနိုင်း စတဲ့ ဒေသတွေက ကက်သလစ်ဘာသာဝင် အယောက် ၃ ထောင်ကျော်ဟာ ပုပ်ရဟန်းမင်းကြီးနဲ့အတူ ဝတ်ပြုဆုတောင်းဖို့ ရန်ကုန်မြို့ကို မီးရထားနဲ့သွားကြတာဖြစ်ပါတယ်။

အဲဒီလိုသွားလာနိုင်ဖို့အတွက် မြန်မာ့မီးရထားက မြစ်ကြီးနားနဲ့ ရန်ကုန် အသွားအပြန် တိုက်ရိုက်ပြေးဆွဲပေးတဲ့ အထူးတွဲဆိုင်း ၃ စင်း အပါအဝင် စုစုပေါင်းတွဲဆိုင်း ၅ ဆိုင်းကို သီးသန့်စီစဉ်ပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org