နိုင်ငံရေး စောင့်ကြည့်ရေး အဖဲ့ွ နိုင်ငံရေးလှုပ်ရှားသူများ ဖဲ့ွစည်း

နိုင်ငံရေးပါတီတွေနဲ့ အစိုးရအဖဲ့ွရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် သံဃာတော်တွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ‘အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖဲ့ွကို ဖဲ့ွစည်းလိုက်ပါတယ်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခပုံ

နိုင်ငံရေးပါတီတွေနဲ့ အစိုးရအဖဲ့ွရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်ဖို့အတွက် သံဃာတော်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသား နိုင်ငံရေး စောင့် ကြည့်ရေးအဖဲ့ွ ကို ဖဲ့ွစည်းလိုက်ပါတယ်။

အမျိုသား နိုင်ငံရေး စောင့်ကြည့်ရေးအဖဲ့ွ ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး အဖွဲ့ရဲ့ နာယကအဖြစ် တာဝန်ယူထားသူ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက အခုလို မိန့်ကြားပါတယ်။

"နိုင်ငံရေး စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေ၊ ဘာသာရေး စိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေ မိမိတို့နိုင်ငံ အမျိုးသား အကျိုးစီးပွားအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်၊ အမျိုးသား နိုင်ငံရေးဆိုတာကလည်း မိမိတို့ တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အရေးမို့ အမျိုးသား နိုင်ငံရေးပါပဲ၊ တမျိုးသားလုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ တရားဥပဒေ စိုးမိုးရေးပေါ့နော် အဲဒါတွေအားလုံးပါပါတယ်"

အဲ့ဒီအမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေးအဖဲ့ွကို အဖွဲ့ဝင် ၅၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး မကွေးကျောင်းတိုက် ဆရာတော်၊ တွံ့တေးဆရာတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရဲမင်းဦးနဲ့ လယ်သမားအရေး လှုပ်ရှားသူ  မစုစုနွေးတို့ ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ ဘာသာရေး၊ ပညာရေး ၊ လူမှုရေး၊ စီးပွားရေးနဲ့ တောင်သူလယ်သမားတွေရဲ့ အရေးကိစ္စ တွေမှာ ကူညီဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို ဦးတင်အောင်ခိုင်က လျှောက်ထား မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org