နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အမေရိကန် အရှေ့ခြမ်း မြန်မာများ ဆန္ဒပြ

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ပညာရေး ဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားနဲ့ ဝိုင်းရံသူတွေကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း က မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့မှာ မနေ့က ဆန္ဒပြကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ပညာရေးဒီမိုကရေစီ သပိတ်မှောက် ကျောင်းသားနဲ့ ဝိုင်းရံသူတွေကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း က မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်ရှေ့မှာ မနေ့က ဆန္ဒပြကြပါတယ်။

ဒီအကြောင်းကို  မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ နေထိုင်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်သန်းက လို့ပြောပြပါတယ်။

"ယုံကြည်ချက်ကြောင့် အဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေ၊ အမျိုးသားပညာရေးဥပဒေကို ပြုပြင်ပြောင်းလဲဖို့ မတရားဖမ်းဆီးခံထားရ တဲ့ကျောင်းသူ၊ ကျောင်းသားတွေကို ကျနော်တို့ လွှတ်စေချင်တာ၊ ရွေးကောက်ပွဲမကျင်းပခင်မှာ ချွင်းချက်မရှိပြန်လွှတ်ပေးရန်အတွက် ကျနော်တို့က ဆန္ဒပြပြီးတောင်းဆိုနေတာပါ"

ဝါရှင်တန်ဒီစီနဲ့ အနီးတဝိုက်က Maryland နဲ့ Virginia ပြည်နယ်တို့သာမက New York ပြည်နယ် အထက်ပိုင်း Buffalo နဲ့ Albany မြို့တွေနဲ့ မြောက်ပိုင်းကယ်ရို လိုင်းနား ပြည်နယ်တို့ က မြန်မာ့အရေးလှုပ်ရှားသူတွေ လာရောက်ဆန္ဒပြကြတာပါ။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ရွေးကောက်ပွဲကို ကြိုဆိုတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့သမ္မတဆီ စာရေးသား ပေးပို့ထားပါတယ်။

အစိုးရက သုံးနှုန်းတဲ့ လွတ်ငြိမ်းသက်သာခွင့်မှာ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေပဲ အကျုံးဝင်ပြီး လက်ပံတန်းကျောင်းသား သပိတ်မှာပါဝင်မှုနဲ့ ဖမ်းဆီးခံရသူတွေ ဟာ အမှုရင်ဆိုင်နေရတုန်းဖြစ်လို့  အကျုံးမဝင်ဘူးလို့ဆိုပါတယ်။

သမ္မတအမိန့်နဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးတိုင်း နိုင်ငံရေးအကျဉ်းသားဦးရေထက် ရာဇဝတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေ ပိုလွတ်မြောက်လာလေ့ရှိတဲ့ အတွက် ရွေးကောက်ပွဲနီးကပ်ချိန်မှာ ရာဇဝတ်မှုကျူးလွန်တတ်သူတွေ လွတ်မြောက်လာမှာကို စိုးရိမ်နေသူတွေလည်းရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org