ထောင်တွင်း ဥပဒေမဲ့မနှိပ်စက်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်ပေးဖို့ နိုင်/ကျဉ်းတွေ တောင်းဆို
အင်းစိန်ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရဖို့အပါအဝင် အချက်ငါးချက်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-06-22
-
-
-
အင်းစိန်ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရဖို့အပါအဝင် အချက်ငါးချက်လုပ် ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
တောင်းဆိုခဲ့တဲ့ အချက်တွေကတော့ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့် အဝရဖို့၊ ထောင်ဝင်စာပေးတဲ့ဆေးတွေ သောက်သုံးခွင့်ပေးဖို့၊ သောက်ရေသန့် ပေးဝေဖို့၊ ထောင်တွင်း ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ရပ်တန့်ဖို့၊ ထောင်ဝင်စာတွေ ပြန်ဖွင့်ပေးဖို့ စတာတွေ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ထောင်အာဏာပိုင်အများစုဟာ တပ်ကနေ အများ ဆုံး ပြောင်းရွှေ့လာတာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ဆက်ဆံတာတွေ၊ အကြမ်းဖက် ရိုက်နှက်တာတွေ ကျူးလွန်နေတာကြောင့် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
"ဟုတ်ပါတယ်။ အင်းစိန်ထောင်ထဲက ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်စုပေါင်းပြီး အချက်ငါးချက်ကို တောင်းဆိုတာပါ။ အထဲမှာ ဘယ်လောက်အထိ ဖိနှိပ်နေသလဲဆို တရားရုံးထုတ်တွေမှာပါ ရှေ့နေတွေနဲ့ လွတ်လွတ်လပ်လပ် ပြောဆို ခွင့်မရှိတဲ့အထိပဲ။ အခုဆို ထောင်ထဲမှာ စစ်ကောင်စီက တပ်ကပြောင်းလာတဲ့ ကောင် တွေနဲ့ နိုင်ကျဉ်းတွေကို ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်နေတာပေါ့။ ဒါကို အကုန်စုပြီးတောင်းဆို ကြတာပါ"
အင်းစိန်ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား အကုန်နီးပါးက တောင်းဆိုတာဖြစ်လို့ အကျဉ်းသား အရေအတွက်ကိုတော့ အတိအကျ မသိဘူးလို့ သူက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုချက်နဲ့ ပတ်သက်လို့ အတည်ပြုနိုင်ဖို့ အကျဉ်းဦးစီး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြား တာမရှိပါဘူး။