ထွေအုပ်နဲ့ ရဲတပ်ဖွဲ့တွေကို အရပ်ဘက် အုပ်ချုပ်ရေးအောက် ကိုပြောင်း

ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာ ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာထားရှိ ဖို့ ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ အစိုးရအဖွဲ့တွေထံ စာပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ အစိုးရအဖွဲ့တွေထံ စာပေးပို့ထားပါတယ်။

ဒီလိုလွှဲပြောင်းပေးဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ပေမယ့် လတ်တလော လိုအပ်ချက်အရပဲ ညွှန်ကြားစာ ထုတ်ထားတာ ဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

"အမှန်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှရမယ်လေ၊ ဖွဲ့စည်းပုံမှာက  နဂိုရှိရင်းစွဲအတိုင်းပါတာကိုး၊ ဖွဲ့စည်းပုံ ကိုကတော့ ပြင်ဖို့ လိုတာပေါ့၊  လောလောဆယ် အခြေအနေအရ လိုအပ်ချက်ကြောင့်လို့ ပဲ ပြောရမှာပေါ့"

အခုလွဲှပြောင်းပေးလိုက်တဲ့ ဌာနတွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေက ဘယ်ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်စေမလဲဆိုတာကို အသေးစိတ်ညွှန်ကြားရမှာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပဲ ရွေးချယ် ခန့်အပ်ရတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဟာလည်း ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်အောက်မှာပါ ဝင်နေတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org