ဖားကန့်မှာ မြေစာပုံတွေ ပြိုကျပြန်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာအုပ်စုအတွင်းမှာ မနေ့က မြေစာပုံပြိုကျမှု ၂ ကြိမ် ဖြစ်ပွားခဲ့ ရာ ရေမဆေးကျောက် ရှာဖွေသူ ၅ ဦး သေဆုံးခဲ့ပါတယ်။
-
2016-01-26 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်းမှာ မနေ့က မြေစာပုံပြိုကျမှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၅ ဦး သေဆုံးခဲ့ပါတယ်။
ရတနာအဓိပတိကုမ္ပဏီလုပ်ကွက်ထဲက မြေစာပုံဟာ မနေ့ည ၉ နာရီက ပြိုကျရာမှာ မြေစာပိမိပြီး သေဆုံးတာ ဖြစ်တယ်လို့ ဆိပ်မူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတူးမိုင် က ပြောပါတယ်။
"ကုမ္ပဏီလုပ်ကွက်မှာ သူတို့က ကျင်းလာတူးတာပေါ့၊ တူးနေတဲ့ချိန်မှာ အပေါ်က မြေစာပုံက သူတို့ကို ရိုက်ချသလိုဖြစ်သွားတာ၊ သူတို့ကို ဖိချလိုက်တာပေါ့၊ ကျောက်ရဖို့အတွက်ပဲ လောဘစိတ်နဲ့ရှာတော့ ဘာဖြစ်လာမလဲ ဆိုတာ သူတို့မသိဘူး"
အလားတူ မနေ့ ညနေ ၄ နာရီလောက်မှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကန်ခမ် စုပေါင်းမြေစာပုံပြို ကျခဲ့ရာမှာ လူ အယောက် ၄၀ လောက် ပျောက်ဆုံး နေတယ်လို့ သတင်းတွေထွက်နေပေမယ့် လူဘယ်လောက် ပျောက်ဆုံးနေသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ကန်ခမ် စုပေါင်း စွန့်ပစ်မြေစာပုံပြိကျလို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။
မြေစာပုံပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေရှင်း ဥက္ကဌ ဦးလမော်လထော်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။