ဖားကန့် မြေပြိုမှု ပျောက်ဆုံးသူ သုံးဦးသာ စာရင်းရရှိသေး

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက် စိမ်းတူးဖေါ်နေတဲ့ မြေစာပုံတစ်ခု မှာ သောကြာနေ့က မြေပြိုမှု ထပ်မံ ဖြစ်ပွား ခဲ့ရာမှာ၊ အခုထိ ပျောက်ဆုံးသူ သုံးဦးသာ တရားဝင် စာရင်း ရရှိသေးတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးက စွန့်ပစ်မြေစာပုံ ရှင်းလင်းနေတာကို နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖေါ်နေတဲ့ မြေစာပုံတစ်ခုမှာ သောကြာနေ့က မြေပြိုမှု ထပ်မံ ဖြစ်ပွားခဲ့ရာမှာ၊ အခုထိ ပျောက်ဆုံးသူ သုံးဦးသာ တရားဝင် စာရင်းရရှိသေးတယ်လို့ AFP သတင်းက ဖေါ်ပြ ပါတယ်။

အခုမြေပြိုတဲ့နေရာဟာ ပြီးခဲ့တဲ့လက လူ တစ်ရာကျော် သေဆုံးခဲ့ရတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့ရာ နေရာပဲဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရ့ အနည်းဆုံး လူ ၅၀ ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ဆိုပေမဲ့၊ တာဝန်ကျ ရဲအရာရှိတစ်ဦး ကတော့ အခုထိ ပျောက်ဆုံးနေသူ အရေအတွက် သုံးဦးသာ တရားဝင်လာရောက် အသိပေးထားတာရှိကြောင်း၊ အခုထိ အလောင်း တစ်လောင်းမှ မတွေ့ရှိရသေးကြောင်း ပြောပါတယ်။

မြေပြိုတဲ့အချိန်ဟာ ရေမဆေးကျောက်ရှာဖွေသူတွေ အလုပ်သိမ်းပြီးချိန်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ရဲအရာရှိနောက်တစ်ဦးကတော့ သေဆုံးသူ ပျောက်ဆုံးသူအရေအတွက် အတိအကျပြောနိုင်ဖို့ စောသေးတယ် လို့ ပြောဆိုပါတယ်။

မြေပြိုမှုနဲ့ ပတ်သက်ပြီး အသက်မအသေ လွတ်မြောက်လာခဲ့သူတစ်ဦးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org