ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ဒေသခံတွေ ဆန္ဒပြ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကို ဖားကန့်မြို့ဒေသခံ ၁၇ ဦးက မြစ်ကြီးနားမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
-
2019-02-15 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့စဉ်
Photo: Elizabeth/ RFA
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကို ဖားကန့်မြို့ဒေသခံ ၁၇ ဦးက မြစ်ကြီးနားမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
ဦးတင်စိုးဟာ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေဟာ ပြည်သူတွေပါပဲဆိုပြီး ပြောဆိုခဲ့တာကြောင့် ကန့်ကွက်ရတာဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးထွန်းထွန်းက ပြောပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးကတော့ ဖားကန့်မြို့နယ်မှာရှိတဲ့ ကုမ္ပဏီအများစုဟာ အောက်ခြေဘဝ ကတက်လာတဲ့ နိုင်ငံသားတွေဖြစ်တာကြောင့် ကုမ္ပဏီဟာ ပြည်သူပါပဲလို့ ပြောဆိုခဲ့တာဖြစ်ကြောင်း RFA ကို ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။