မွတ်စလင်ခေါင်းဆောင်ကို လွှတ်ပေးမှု PFF နဲ့ အမေရိကန်အမတ် ကြိုဆို

မွတ်စလင်ခေါင်းဆောင် ဒေါက်တာ ထွန်းအောင်ကို အခုလ ၁၉ ရက်နေ့ က ပြန်လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲမှုအတွက် အပြုသဘောဆောင်တဲ့ ခြေ လှမ်းတစ်ရပ်ဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အမတ် Aaron Schock နဲ့ ချက်သမ္မတနိုင်ငံအခြေစိုက် PFF ပရက်ဂ် လွတ်မြောက်ရေး ဖောင်ဒေးရှင်းတို့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အထူးလွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လွတ်လာတဲ့ ဒေါက်တာထွန်းအောင်ကိုတွေ့ရစဉ်။ Photo: Kyaw Zaw Win, Kyaw Lwin Oo/ RFA

မွတ်စလင်ခေါင်းဆောင် ဒေါက်တာထွန်းအောင်ကို အခုလ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်း တစ်ရပ်ဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အမတ် Aaron Schock နဲ့ ချက်သမ္မတနိုင်ငံအခြေစိုက် PFF ပရက်ဂ် လွတ်မြောက်ရေး ဖောင်ဒေးရှင်းတို့ က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်လွှတ်တော်အမတ် Aaron Schock နဲ့ ပရက်ဂ်လွတ်မြောက်ရေး ဖောင်ဒေးရှင်း Prague Freedom Foundation တို့ဟာ ဒေါက်တာထွန်းအောင် လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းဦးဆောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတွေလည်း ဖြစ် ပါတယ်။

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလွှတ်ပေးဖို့ ထပ်မံတောင်းဆိုကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေတဲ့ PFF အဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင် လိုသူတွေအနေနဲ့ ဒေါက်တာထွန်းအောင်လိုပုဂ္ဂိုလ်မျိုးကို ကူညီအားပေးဖို့ လိုအပ်ကြောင်း ကြေညာချက် မှာ ရေးသားထားပါတယ်။

ဒေါက်တာထွန်းအောင်ဟာ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တောမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ဖမ်းဆီးထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org