အွန်လိုင်းစနစ်နဲ့ ပတ်စ်ပို့စ်ထုတ်ပေးခြင်း ပြန်ရပ်ဆိုင်း

အွန်လိုင်းကနေတစ်ဆင့် ရက်ချိန်းယူပြီး နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရတဲ့ လုပ်ငန်းတွေ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ပြန်ရပ်ဆိုင်းသွားတယ်လို့ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေက RFA ကို ပြောပါတယ်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

အွန်လိုင်းကနေတစ်ဆင့် ရက်ချိန်းယူပြီး နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားရတဲ့ လုပ်ငန်းတွေ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ပြန်ရပ်ဆိုင်းသွားတယ်လို့ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေက RFA ကို ပြောပါတယ်။

အွန်လိုင်းကနေ ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ရက်ချိန်းယူ၊ ငွေပေးချေရတဲ့စနစ်ကို ဖေဖော်ဝါရီလ ၂၄ ရက်ကစခဲ့ပြီး သုံးရက်အကြာမှာ ပြန်ရပ်ဆိုင်းခဲ့တာပါ။

ဖေဖော်ဝါရီ ၂၇ မနက်အစောပိုင်းမှာပဲ အွန်လိုင်းကနေ လျှောက်ထားရတဲ့ စနစ်ထဲဝင်လို့ မရတော့တာလို့ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် လျှောက်ထားသူ ကိုမောင်မောင်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်မှာ ပတ်စ်ပို့စ်လျှောက်ဖို့ အွန်လိုင်းကနေလုပ်နေတာ ဝင်လို့မရတော့ဘူး။ အရှေ့ရက်တွေကလည်း လျှောက်ဖို့လုပ်သေးတယ်။ အဲတုန်းကလည်း ဝင်လို့မရဘူး။ အခုတော့ အွန်လိုင်းစနစ်က ရပ်သွားတယ်လို့တော့ သိရတယ်။ ရုံးပြန်ဖွင့်ဖို့ အကြာကြီးစောင့်ရတာလေ။ အခုပြန်ဖွင့်တော့လည်း လျှောက်လို့မရဘူး။ ပြန်ပိတ်သွားပြီဆိုတော့ ခရီးသွားဖို့အတွက် အခက်အခဲဖြစ်တာပေါ့”

ဒီအွန်လိုင်းစနစ်ကို ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တစ်ခုတည်းအတွက်လုပ်တာဖြစ်ပြီး နိုင်ငံကူးလက်မှတ် အမျိုးအစားအလိုက် ကျသင့်ငွေကိုပါ ဘဏ်နဲ့ချိတ်ဆက်ပြီး တစ်ခါတည်းပေးသွင်းရတဲ့ စနစ်ဖြစ်ပါတယ်။

အရင်ရက်တွေတုန်းက အွန်လိုင်းစနစ်နဲ့ လျှောက်ထားသူများပြားတာကြောင့် ဘဏ်မှာငွေသွင်းပြီးပေမယ့် ရက်ချိန်းပြန်မရတာမျိုးတွေလည်း ကြုံနေရတယ်လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူတွေက RFA ကို ပြောပါတယ်။

ရန်ကုန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကတော့ သူတို့ရဲ့စနစ်ကို ပြင်ဆင်နေတာ ကြောင့် အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားတဲ့လုပ်ငန်းတွေ ပြန်စရင် ထုတ်ပြန်ပေးမယ်လို့ ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ကြေညာပါတယ်။

စစ်ကောင်စီဟာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းတွေကို အဆင့်မြှင်တင်ဖို့ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်ကစပြီး ရပ်ဆိုင်းခဲ့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org