ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရတာကို အရေး ယူပေးဖို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရွေးကောက် ပွဲကော်မရှင် ကို တိုင်ကြားမယ်လို့ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က ပြောပါတယ်။
-
2015-10-11 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ) ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရတာကို အရေးယူပေး ဖို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရွေးကောက် ပွဲကော်မရှင်ကို တိုင်ကြားမယ်လို့ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် က ပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ တောင်ကြီးနဲ့ ပင်လောင်းမြို့နယ်မှာထောင်ထားတဲ့ ပအမဖ ပါတီအောင်နိုင်ရေးဆိုင်း ဘုတ်တွေ ဖျက်ဆီးခံလိုက်ရတာလို့ ပအမဖ ပါတီ ဒုဥက္ကဌ ခွန်မျိုးမြင့်ဦးက ပြောပါတယ်။
"ဖျက်ခံရတာ၂ နေရာပေါ့နော်၊ ပထမနေရာက တောင်ကြီးမြို့မှာကျတော့ ၇ ရက်နေ့ည၊ နောက် ၉ ရက်နေ့ကျတော့ ပင်လောင်းမြို့နယ်၊ နောင်တယားမြို့နယ် ခွဲမှာပေါ့နော်၊ ရဲကိုပဲအပ်မှာ၊ ရဲကတရားခံရှာတွေ့မယ်လို့ ကျနော်တို့ယုံကြည်တယ်"
ပအမဖပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ဟာ တစ်မြို့နယ်မှာ ၁ဝ ခုစီ ထောင်ထားတာ ဖြစ်ပြီး နှစ်ခုအဖျက်ဆီးခံ လိုက်ရတယ်လို့ပြောပါတယ်။ ပအမဖ ပါတီဟာ ကျေးရွာအလိုက်မဲဆွယ်စည်းရုံးမုတွေပြုလုပ်နေပြီး တောင်ကြီး မြို့နယ်မှာလည်း ဆက်လက် လုပ်ဆောင်ဖို့ရှိတယ်လို့သိရပါတယ်။
ပအမဖ ပါတီဟာ ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်မြို့မှာ အနိုင်ရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁၃ ခုနှစ်မှာ ပါတီမှတ်ပုံတင်ပြီး ၂၀၁၅ မှာ ရှမ်းပြည်နယ်ရှိ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ မောက်မယ်နဲ့ ရပ် စောက်မြို့နယ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ၃ ဦးနဲ့ ပြည်နယ်လွှတ်တော် ၉ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အလားတူ ရခိုင်ပြည်နယ်မှာလည်း နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ ဖျက်ဆီးခံရတာ မကြာခဏ ဖြစ်နေပါတယ်။
ပါတီကိုယ်စားလှယ်လောင်းတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့ကြပေမဲ့၊ မဟန့်တားနိုင်သေးဘူးလို့ ကိုယ်စားလှယ် လောင်းတွေက ပြောကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြပါမယ်။