အမတ်တွေ လုပ်ပိုင်ခွင့် ပိုရရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ

သမ္မတဦးသိန်းစိန် အစိုးရက ခေါ်ယူတဲ့ လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ စတင် ကျင်းပမှာ ဖြစ်ပြီး လွှတ်တော် အမတ် စုစုပေါင်း ၅၀၀ နီးပါး တက်ရောက်မှာ ဖြစ်ပါတယ်။

အရင် ပထမလွှတ်တော်ကို နအဖ အစိုးရက ကြီးမှူး ကျင်းပခဲ့ရာမှာ အခြေခံ ဥပဒေပါ လုပ်ပိုင်ခွင့် အရ လွှတ်တော် အတွက် အစွမ်းကုန် သုံးစွဲခဲ့ပေမဲ့ အခု ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေ မှာတော့ အသုံးစရိတ်ကို ချင့်ချင့်ချိန်ချိန်နဲ့ သတ်မှတ် သုံးစွဲထားတယ်လို့ လွှတ်တော် လုပ်ငန်းများ စီစစ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ အေးမောင်က အာအက်ဖ်အေကို ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဒေသကြီးတွေမှာ လွှတ်တော် အမတ်တွေ အပေါ်မှာ ကန့်သတ်မှုတွေ ရှိခဲ့တဲ့ အခြေအနေကြောင့် လွှတ်တော် အမတ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီးရဖို့ အခု ကျင်းပတဲ့ အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ် အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီကနေ့ ကျင်းပမယ့် လွှတ်တော် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနား အတွက် ပြည်တွင်း ပြည်ပ သတင်းထောက် အားလုံးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org