ဝ အမျိုးသားပါတီခေါင်းဆောင် ဦးညီပလုပ် ကွယ်လွန်

ဝ အမျိုးသားပါတီ (WNP) ဒု-ဥက္ကဋ္ဌ ၁ ဦးညီပလုပ်ဟာ နိုဝင်ဘာ ၂၆ ရက် မနေ့ညနေပိုင်းက ကွယ်လွန်ခဲ့တယ်လို့ WNP က ထုတ်ပြန်ပါတယ်။

ဝ အမျိုးသားပါတီ (WNP) ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဦးညီပလုပ် (မတ်တပ်ရပ်နေသူ) ကို တွေ့ရစဉ် Photo: WA National Party

ဝ အမျိုးသားပါတီ (WNP) ဒု-ဥက္ကဋ္ဌ ၁ ဦးညီပလုပ်ဟာ နိုဝင်ဘာ ၂၆ ရက် မနေ့ညနေပိုင်းက ကွယ်လွန် ခဲ့တယ်လို့ WNP က ထုတ်ပြန်ပါတယ်။

အသက် ၆၉ နှစ်အရွယ် ဦးညီပလုပ် (Tax Nyi Pleek) ဟာ မနေ့ကညနေ ၅ နာရီ ၄၅ မိနစ်မှာ ကွယ်လွန် သွားတယ်လို့ WNP ကဖော်ပြထားပြီး ကွယ်လွန်ရတဲ့ အကြောင်းအရင်းကိုတော့ မဖော်ပြထားပါဘူး။

ဝ ဒေသတွင်း မီဒီယာတစ်ခုဖြစ်တဲ့ Wa Chanel မှာတော့ ဦးညီပလုပ်ဟာ COVID - 19 ရောဂါနဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့၊ ပြည်သူဆေးရုံးမှာ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးညီပလုပ်ဟာ ဝ အမျိုးသားပါတီကနေ ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်အနိုင်ရထားသူ ဖြစ်ပါတယ်။

သြဂုတ် ၂၃ ရက်နေ့က အရင် ဝ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ဦးဆိုင်းပေါင်နပ်ဟာ စစ်ကောင်စီကို ထောက်ခံကြောင်း USDP ပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၈ ခု တို့နဲ့အတူ ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့ အတွက် ဝေဖန်မှုတွေကြောင့် ပါတီကနေနုတ်ထွက်ခဲ့ပါတယ်။

ဦးဆိုင်းပေါင်နပ် နုတ်ထွက်ခဲ့ပြီးနောက် ပါတီရဲ့ဒု-ဥက္ကဋ္ဌ (၁) ဖြစ်တဲ့ ဦးညီပလုတ်ကို ယာယီ ဥက္ကဋ္ဌ အဖြစ် ပါတီက အဲဒီနေ့မှာပဲ ခန့်အပ်ခဲ့ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org