လူမျိုးရေး ဘာသာရေးကို ခုတုံးမလုပ်ဘူးလို့ တစညပါတီ ကိုယ်စားလှယ်လောင်း ပြောကြား

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ ဘာသာရေးကို အသုံးချပြီး တခြားပါတီတွေကို တိုက်ခိုက်မှာမဟုတ်သလို လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်စည်းရုံးမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး တစညပါတီ ဥက္ကဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး လည်းဖြစ်တဲ့ ဦးခင်မောင်သိန်း က ပြောလိုက်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၂၇ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပါတီဗဟိုရုံးချုပ်မှာ ကျင်းပခဲ့စဉ် Photo: Thiha Tun/RFA

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ ဘာသာရေးကို အသုံးချပြီး တခြားပါတီတွေကို တိုက်ခိုက်မှာ မဟုတ်သလို လူမျိုးရေး ဘာသာရေးကို ခုတုံးလုပ်ပြီး မဲဆွယ်စည်းရုံးမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး တစညပါတီ ဥက္ကဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးလည်းဖြစ်တဲ့ ဦးခင်မောင်သိန်း က ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးစဉ် RFA က မေးမြန်းရာမှာ ဦးခင်မောင်သိန်းက ပြောတာဖြစ်ပါတယ်။

"အန်ကယ်တို့ပါတီက ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ ကျန်တဲ့ပါတီကို မတိုက်ဘူး၊ ဘာသာရေးကတော့ တစ်နည်းအားဖြင့် ဘာသာသက်သက် သူတို့ကြိုးပမ်းပြီး ဆောင်ရွက်သွားမယ်၊ နိုင်ငံရေးကတော့ နိုင်ငံရေးပဲ၊ အန်ကယ်တို့ပါတီထဲမှာ ခရစ်ယာန်တွေပါတယ်၊ ဟိန္ဒူတွေပါတယ်၊ အစ္စလာမ်တွေပါတယ်၊ ဗုဒ္ဓတွေပါတယ်၊ အားလုံးညီအစ်ကို မောင်နှမတွေပဲ၊ တိုင်းပြည်ကြီးကို သူ့ဘာသာတွေရဲ့ အေးချမ်းမှု တည်ငြိမ်မှုကို တည်ဆောက်သွားမယ်"

ဒါ့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ လယ်သမားတွေ လယ်ပိုင်ခွင့်ရရှိရေး၊ အလုပ်သမားတွေ လုပ်ခလစာ အပြည့်အဝရရှိရေးနဲ့ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို အပြည့်အဝရရှိရေး ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

တစညပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးခင်မောင်သိန်း၊ ဦးအောင်သန်းဦးနဲ့ ဦးသိန်းကျော်တို့ဟာ ဒဂုံမြို့နယ်က ရွှေတိဂုံဘုရားလမ်း၊ ယောမင်းကြီးလမ်း နဲ့ ဗိုလ်ရာညွန့်လမ်း စတဲ့ လမ်းတွေမှာ လှည့်လည် မဲဆွယ်စည်းရုံးခဲ့ပါတယ်။

အဲဒီလိုမဲဆွယ်စည်းရုံးရာမှာ ဒဂုံမြို့နယ်ထဲက တပ်မတော် ဝန်ထမ်းအိမ်ရာတွေနဲ့ အစိုးရဝန်ထမ်း မိသားစုနေအိမ်တွေကို သွားရောက်ခဲ့ပြီး အစိုးရဝန်ထမ်းတွေရဲ့ ဆန္ဒမဲတွေကိုရရှိဖို့ ယုံကြည်ကြောင်း ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လွှတ်တော်မှာ ပြဋ္ဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေကို ကာကွယ်စောင့်ရှောက်ရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး စတဲ့အချက်တွေနဲ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org