နိုင်ငံသားစိစစ်ရေးကိစ္စ ဥပဒေ ပညာရှင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပပေးဖို့ ဒေသခံတွေ တောင်း ဆို

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား ဥပဒေပညာရှင်တွေနဲ့ အစိုးရအဖွ့ဲ ဥပဒေ ပညာရှင်တွေ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေးဖို့ ဒီနေ့ စစ်တွေမြို့မှာ ကျင်းပတဲ့ နိုင်ငံသားစိစစ်ရေးဥပဒေနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ဒေသခံတွေက တောင်းဆို လိုက်ပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပေးဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်တွေ နဲ့ မောင်တောမြို့ခံတွေ တောင်းဆိုဆန္ဒပြစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေး လုပ်ငန်းဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား ဥပဒေပညာရှင်တွေနဲ့ အစိုးရအဖွ့ဲ ဥပဒေ ပညာရှင်တွေ တွေ့ဆုံဆွေးနွေးနိုင်အောင် စီစဉ်ပေး ဖို့ ဒီနေ့စစ်တွေမြို့မှာ ကျင်းပတဲ့ နိုင်ငံသားစိစစ်ရေးဥပဒေနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ဒေသခံတွေ က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံသား မရသင့်တဲ့သူတွေကို ဘာလုပ်မလဲ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို ရခိုင်ပြည်သူတွေ ကျေနပ်အောင်ချပြဖို့ တောင်းဆိုခဲ့တယ်လို့ ဒီနေ့ ရှင်းလင်းပွဲကိုတက်ရောက်ခဲ့တဲ့ စစ်တွေမြို့ခံ ဦးသာပွင့်က ပြောပါတယ်။

"ရခိုင်ဘက်က ဥပဒေပညာရှင်တွေနဲ့ အစိုးရဘက်က ဥပဒေပညာရှင်တွေ စီမီနာသဘောမျိုးဆွေးနွေးမှ အဖြေ ထွက်မယ် ဒါကတစ်ချက်ပေါ့ နောက်တစ်ချက်က တကယ်လို့ ဥပဒေအတိုင်းစိစစ်မယ် ရသင့်တဲ့ လူလဲရသွားပြီ မရသင့်တဲ့သူတွေကို ဘာလုပ်မလဲ ဘယ်လိုစီမံခန့်ခွဲမလဲ ဒါကို ရခိုင်ပြည်သူတွေ ကျေနပ်အောင်ချပြဖို့ အဲ့ဒါကို တောင်းဆိုခဲ့တယ်"

ဒီနေ့စစ်တွေမြို့မှာကျင်းပတဲ့ နိုင်ငံသားစိစစ်ရေးဥပဒေနဲ့ပတ်သက်တဲ့ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယပြည်နယ်မှူး နဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း တက်ရောက်ခဲ့ပြီး ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို ပြန်လည်အကြောင်းပြန်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့မညီဘဲ နိုင်ငံသားအဖြစ် ခွင့်ပြုပေးနေ တဲ့ကိစ္စတွေကို ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့မတ်လအတွင်း ဒေသခံတွေက ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြ တာဖြစ်ပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ တိတိကျကျစိစစ်ပေးဖို့၊ ဥပဒေနဲ့မညီဘဲ ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေးကဒ်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့၊ ဥပဒေချိုးဖောက်ကျူးလွန်သူတွေကို အရေးယူပေးဖို့ စတဲ့အချက်တွေ ကို ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ တောင်ကုတ်မြို့နယ်တွေမှာ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org