လွှတ်တော် နာယက ဖြုတ်ချရေး ကြိုးစားမယ်ဆိုတာကို မှတ်ချက်ပေးစရာမရှိကြောင်း NLD ပြော

ပြည်ထောင်စု လွှတ်တော် နာယကတွေကို ဖြုတ်ချရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ သဘောထားလက်မှတ်တွေ ကောက်ခံမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ပြောဆိုချက်အပေါ် မှတ်ချက်ပေးစရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန် ကို ၂၀၁၉၊ မတ်လ ၆ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/ RFA

ပြည်ထောင်စု လွှတ်တော် နာယကတွေကို ဖြုတ်ချရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ သဘောထားလက်မှတ်တွေ ကောက်ခံမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ပြောဆိုချက်အပေါ် မှတ်ချက်ပေးစရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ရပ်နားချိန်မှာ ဦးထွန်းထွန်းဟိန်က သတင်းထောက်တွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။

လွှတ်တော် နာယက တွေကို ဖြုတ်ချမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ သဘောထား လက်မှတ်ကောက်ခံပြီး လွှတ်တော်ကို အဆိုတင်သွင်းနိုင်ကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပေးထားတာကြောင့် ဒီကိစ္စကို ဘာမှ ပြောစရာမရှိကြောင်းနဲ့ အောင်မြင်မလား၊ မအောင်မြင်မလားဆိုတာက လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ဆန္ဒမဲရယူကြည့်တဲ့အချိန်ကိုသာ စောင့်ကြည့်ရမှာဖြစ်ကြောင်းလည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရေးအတွက် USDP ပါတီက ပြည်ထောင်စု လွှတ်တော်ကို ပြင်ဆင်ရေး မူကြမ်းတင်သွင်းထားရာမှာ ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှဲပြောင်းသင့်ကြောင်း မနေ့က ကျင်းပတဲ့ အစီရင်ခံစာ တင်သွင်းထားတာရှိပါတယ်။

USDP ပါတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းကို လွှတ်တော်မှာ ဆွေးနွေးခွင့်မရရင် ပြည်ထောင်စု လွှတ်တော်နာယကတွေကို ဥပဒေကို ကျော်လွန်ဆောင်ရွက်တယ်ဆိုပြီး ဖြုတ်ချဖို့ ဆန္ဒမဲလက်မှတ်တွေ ကောက်ခံဖို့ ပြင်ဆင်နေတာလို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org