ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံး နိုင်ရမယ်လို့ အန်အယ်လ်ဒီပါတီ ဥက္ကဌ ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် အားလုံးနိုင်ရမယ်လို့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ပါတီနာယက သူရ ဦးတင်ဦးက ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ ရန်ကုန်တိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံကြစဉ် Photo: Aung Thain Kha/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်အားလုံး နိုင်ရမယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားထားကြောင်း ပါတီနာယက သူရ ဦးတင်ဦးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချူပ်မှာ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ နာယက သူရဦးတင်ဦး က ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့ခေါင်းဆောင်ဟာ ပြောခဲစေ ဆိုခဲစေ ဒါပေမဲ့ ပြောရင်ဆိုရင် တကယ်ဖြစ်အောင်လုပ်တယ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အခုပြောပြန်ပြီ၊ အကုန်လုံးရအောင်လုပ်ရမယ်လို့ ပြောတာပဲ၊ ဒါကြောင့်မို့ ကျနော်တို့ အကုန်လုံးရအောင် ကြိုးစားဖို့လိုလာတယ်၊ အကုန်လုံးရအောင်လုပ်မယ်ဆိုခဲ့ရင်လည်း ကျနော်တို့ဟာ စည်းလုံးညီညွှတ်မှုကို ပြနိုင်မှ ပြည်သူလူထုက ယုံကြည်မှာဖြစ်ပါတယ်"

အဲဒီတွေ့ဆုံပွဲမှာ ပါတီရဲ့စည်းကမ်းတွေကို လိုက်နာဖို့၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ရေးကိစ္စတွေ ဝိုင်းဝန်းကူညီဖို့လည်း ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေက တိုက်တွန်းခဲ့တယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org