ရခိုင်အရေးကို အစိုးရနဲ့ တပ်မတော် လက်တွဲဖြေရှင်းခဲ့

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို အစိုးရနဲ့ တပ်မတော် လက်တွဲဖြေရှင်းပြီး ရပ်တန့်စေခဲ့တယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေး အခမ်းအနားမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဒေါက်တာအေးဇံ ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ် Photo: Yangon Region Government

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို အစိုးရနဲ့ တပ်မတော် လက်တွဲဖြေရှင်းပြီး ရပ်တန့်စေခဲ့တယ် လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်က ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေး အခမ်းအနား မှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာအေးဇံက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ် ပါတယ်။

"ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကို ကျနော်တို့က တပ်မတော်နဲ့ လက်တွဲပြီးတော့ ဖြေရှင်းတာပါ၊ အားလုံးသိကြပြီတဲ့အတိုင်းပဲလေ သြဂုတ်လ ၂၅ ရက်နေ့မှာ ကျနော်တို့ ကင်းစခန်း ၃၀ ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်တယ်ဆိုတာ၊ ဒီဟာက ရှင်းရှင်းပဲ အကြမ်းဖက်မှုကြီးပဲ ဒီအကြမ်းဖက်မှုကို ကျနော်တို့က ဖြေရှင်းတာပဲ၊ ဒါပါပဲ"

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေ လူများစု၊ လူနည်းစုတွေကိုသာမက ခရစ်ယာန် ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာဝင်တွေကိုပါ တပြေးညီ ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေကြသူတွေ၊ တိုင်းပြည်အာဏာ ရရှိဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေကြသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် ခေါင်းဆောင်တွေ အားလုံးကို မေတ္တာရပ်ခံလိုကြောင်း၊ ရခိုင်ပြည်နယ်က ပြည်သူ ပြည်သားတွေရဲ့ အပြုံးပန်းဟာ လူကြီးမင်း တို့ မျှော်လင့်တဲ့ အာဏာထက် ပိုချိုမြကြောင်း ပြောခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို ပါတီနာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဥက္ကဌတွေနဲ့ ပါတီလုပ်ငန်းကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org